Posts

Showing posts from March, 2010

တစ်ပေ

တာဝန်ကျရပ်ကွက်လူကြီးတစ်ဦးသည် လုပ်ငန်းတာဝန်များခွဲဝေပေးသည်။ လမ်းဘေးရေမြောင်းများမရှိသဖြင့် တစ်ပေအကျယ်တစ်ပေအနက် ရေမြောင်းများမရှိသဖြင့် တစ်ပေအကျယ်၊ တစ်ပေအနက်ရေမြောင်းများတူးရန်မှာကြားလိုက်သည်။ ညနေရေမြောင်းများအား စစ်ဆေးကြည့်ရာအချို့နေရာတွင် လေးပေ၊ ငါးပေအနက်ရှိသောရေမြောင်းများကိုတွေ့ရသဖြင့် အလွန်ဒေါသထွက်သွားသည်။ “ ကဲ-မင်းတို့ရေမြောင်းကိုကြည့်၊ ရေတွင်းကြီးဖြစ်နေပြီ၊ ခိုင်းတဲ့တိုင်း မလုပ်ကြဘူး” “ လုပ်ပါတယ် ဆရာကြီး တစ်ပေပဲတူးပါတယ်” “ ဒါဆို-ဘာလို့ငါးပေအနက်ကြီးဖြစ်နေတာလဲကွ” “ နဂိုက - လေးပေအနက်ရှိလို့ပါ ” “ ဟင်း- ငါ - တယ် ”

ကျွန်တော်ချစ်တဲ့အမေ

နွေ.. ပူပါစေ ဘယ်မကြေက် မီးတောက်ပင်ဖြစ်စေ မိုး.... ရွာလိုက်ပါ ဘယ်မမှု မြစ်တစ်ခုဖြစ်စေ.... ဆောင်း.. အေးလိုက်ပါ ဘယ်မမှု နှင်းခဲ့ထုဖြစ်ပါစေ... မိုးပေါက်တို့ဖြစ်စေ ပူလောင်ခြင်းမီးတောက်တို့ဖြစ်စေ နှင်းခဲထုဖြစ်စေ နွေမိုးဆောင်းဒဏ် လောကဓံကို တွန်းလှန်ဖယ်ရှား သားသမီးအတွက် ရုန်းကန်ခဲ့တဲ့ ကျွန်တော်ချစ်တဲ့အမေ ရွင်လန်းချမ်းမြေ့ပါစေ....

နှုတ်ဆက်စကား

နာနာကျင်ကျင် အပြစ်မြင်တိုင်း ၀မ်းတွင်းမသို ဟုတ်တိုင်းဆိုပြီ နိမ့်မြင့်မတူ ညီမျှတူစွာ ရှေးရေးမျှော်တွေး အပြစ်ပေးခဲ့ တတ်သိပညာ သိတတ်စိတ်ထား ခွဲခြားနားလည် မြင်များမှန်မှ ဘ၀ခရီး သောကပေးပြီး ကြီးငယ်မရွေး တာဝန်ပေးက ပင်ပန်းမကြီး ထင်တိုင်းပြီးလိမ် ညီငယ်တို့ တိုတိုစိတ်ထား ဆရာများက သင်ကြားဆုံးမ ဆိုသမျှကို အပြစ်မမြင် ရင်ဝယ်မှတ်သား အောင်ပန်းများစွာ နမ်းခွင့်ရစေ ခွန်းဆင့်သံချို မှာကြားလို၏....

ကုန်ဆုံးသွားတဲ့အချိန်

မင်းနဲ့ပျော်ရွှင်ခဲ့တယ့်အချိန်တွေ မင်းနဲ့ကြည်နူးခဲ့တဲ့အချိန်တွေ မင်းနဲ့အတူကုန်ဆုံးခဲ့တဲ့နေတွေမှာ သံယောဇဉ်တွယ်စရာတစ်ဦးတဲ့ရှိတဲ့ သူ့သားကလေးကို ဘယ်လောက်တောင်လွမ်းနေမလဲ ဘယ်လောက်တောင်သတိရနေမလဲ ဘယ်လောက်တောင်စိုးရိမ်ပူပန်နေမလဲ ငါမတွေးမိတဲ့သားမိုက်တစ်ယောက်ဖြစ်သွားမိတယ် ငါကသာမင်းအတွက် အစစအရာရာပူုပန်ပေးခဲ့ပေမယ့် ငါ့အတွက်ဆိုတဲ့အတွေးနဲ့ မင်းဘာလုပ်ပေးခဲ့ဘူးသလဲ ငါ့စကားကိုကော ဘယ်အချိန်တုန်းကနားထောင်ခဲ့ဘူးလဲ ငါမကြိုက်ဘူးဆိုတဲ့ကိစ္စတိုင်းကိုကော မလုပ်ပဲနဲ့ဘယ်တုန်းမင်းနေခဲ့ဘူးလဲ နောက်မလုပ်တော့ပါဘူးဆိုတဲ့စကားတစ်ခွန်းနဲ့ ပြီးသွားခဲ့တဲ့အခါတွေမနည်းတော့ဘူး ဒါတွေကိုသိသိကြီးနဲ့ မင်းအနားမှာအချိန်တွေကုန်နေခဲ့တဲ့ ငါ့ကိုယ်ငါဒေါသဖြစ်မိတယ် မင်းနဲ့အတူရှိခဲ့တဲ့အချိန်တွေကို နောင်တမရမိပေမယ့် နှမြောမိတယ်တော့အမှန်ပါပဲ ဒီလိုပဲ ထက်နေကြည် ရဲ့ နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိဆိုတဲ့သီချင်းကိုဆိုပြီး ဘာဆက်လုပ်ရမယ်ဆိုတာကတော့……………….

ပုံလေးတွေပါ

Image
ပုံလေးတွေနော်လေးတွေနော် Type the rest of your post here.