တစ်ပေ
တာဝန်ကျရပ်ကွက်လူကြီးတစ်ဦးသည် လုပ်ငန်းတာဝန်များခွဲဝေပေးသည်။ လမ်းဘေးရေမြောင်းများမရှိသဖြင့် တစ်ပေအကျယ်တစ်ပေအနက် ရေမြောင်းများမရှိသဖြင့် တစ်ပေအကျယ်၊ တစ်ပေအနက်ရေမြောင်းများတူးရန်မှာကြားလိုက်သည်။
ညနေရေမြောင်းများအား စစ်ဆေးကြည့်ရာအချို့နေရာတွင် လေးပေ၊ ငါးပေအနက်ရှိသောရေမြောင်းများကိုတွေ့ရသဖြင့်
အလွန်ဒေါသထွက်သွားသည်။
“ ကဲ-မင်းတို့ရေမြောင်းကိုကြည့်၊ ရေတွင်းကြီးဖြစ်နေပြီ၊ ခိုင်းတဲ့တိုင်း မလုပ်ကြဘူး”
“ လုပ်ပါတယ် ဆရာကြီး တစ်ပေပဲတူးပါတယ်”
“ ဒါဆို-ဘာလို့ငါးပေအနက်ကြီးဖြစ်နေတာလဲကွ”
“ နဂိုက - လေးပေအနက်ရှိလို့ပါ ”
“ ဟင်း- ငါ - တယ် ”

Comments
Post a Comment