ဖတ်စရာမှတ်စရာ ဥစ္စာမရှိဘဲလျက် အရသာစားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် အသတ်အပုတ်ကြိုက်တတ်သောသူ၊ ပညာမရှိဘဲလျက် စကားလိုသောသူ၊ ထိုသူတို့ကား သူရူးနှင့်တူကန်၏………. သူမခေါ်ဘဲ သူ့အိမ်သို့သွားဖန်များသောသူ၊ သူမမေးဘဲစကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကိုပလွှားတတ်သောသူ၊ ထိုသုံးပါးသည် သူယုတ်၏လက္ခဏာတည်း………….. အဆင်းမလှသောသူသည် စကားများတတ်၏ ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။ ရေမပြည့်သောအိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သောနွားမသည် ကျောက်ကန်တတ်၏………. ဖားသူငယ်သည်လည်း ဆောင်ကြောင့်ထိုင်ခြင်းတူမူကာခြင်္သေ့ဟူကောင်း၊ အံ့လော၊ ၀က်သည်လည်း၊ အုတ်အုတ်မြည်တတ်ကာမူ ကျားသစ်ဟူကောင်းအံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဍာန်တူကာမူ ကျားဟူကောင်းအံ့လော။ ပညာရှိတို့သည်လည်း အတတ်ချင်းတူကောင်းအံ့လော။ မင်းတို့သဘောမည်သည် ဥစ္စာတွင်ရောင့်ရဲခြင်းမရှိ။ ပညာရှိတို့သည်လည်း စကားကောင်းတွင်ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကိုမြင်ခြင်းတွင် ရောင့်ရဲခြင်းမရှိ။ သမုဒ္ဒရာသည်ရေတွင် ရောင့်ရဲခြင်းမရှိ……………..