ခဏကြာမပြီး ဘ၀တာခရီး
ခဏကြာမပြီး ဘ၀တာခရီး
ပန်းလိုချင်
အပင်ကို ကိုယ်တိုင်ပျိုး
ရိုးသားမှုအဓိက…
ကြိုးစားမှု အပြည့်အ၀နဲ့
အတ္တကို ဖယ်နှင်လို့
တကယ်ပင်မေတ္တာပွား
များလှအကျိုး။
ရှေးလူတွေဖောက်ခဲ့လမ်း
လျှောက်လှမ်းတော့အဆင်ပြေ….
ဘ၀တာခရီးအသွားမှာဖြင့်
ခဏမကြာ အဆီးအတားတွေက
ဖိအား အနေကိုယ်တိုင်ကြုံသော်လည်း
မဖြုံပါ….ကျော်ဖြတ်နင်း
ထပ်ရှင်းရမလေ…..
မျိုးဆက်သို့ ရင်မှာမသွေ
ယှဉ်ကာလေ ခံယူထား
ဒို့ခေတ် ဒို့အခါတွင်မတော့
ဒို့တာဝန်ကျေအောင်ထမ်းလေမှ
လမ်းစွင့်လာ ဒို့အောင်ပန်းကို
ကမ်းဆင့်မြင့်မား……………….
အေးရိပ်
တွေးလေလေ ခါခါလွမ်းပါဘိ
မွေးမေမေ ဇရာလွှမ်းတို့ရဲ့
အညာစခန်းက တမာပင်…
ရွှာအ၀င် ပင်မန်ကျည်းရယ်နဲ့
လာပါလျှင် အမြင်နီးပေမဲ့
ခရီးတစ်ထောက်နားကာပင်…
သားလာလျှင်
အကြားအမြင်ဝါးဝေလဲ
အားအင်နည်း ဇရာလက်ရယ်နဲ့
ကျမက်ရည် ခါခါတို့ပါလို့
ဆို့နင့်နင့် အက်တက်တက်
မထွက်တစ်ထွက် အမေ့သံစဉ်
နားဝင်က ငြိမ့်အေး…
ကလေးအရွယ် ငယ်ငယ်တုန်းကလို
ပြုံးချိုချို မျက်နှာပေးရယ်နဲ့
ထွေးလာတဲ့ အမေ့လက်ပေါ်
မှေးစက်ကာ ပျော်ချင်စမ်းပါဘိ
ပကတိအခြေအနေက
မွေးမေမေ ဇရာကျပြီမို့
ဖေးမကာ နှစ်သိမ့်စကားရယ်နဲ့
တရားဘာဝနာ ပွားကြပါလို့
Comments
Post a Comment