Posts

Showing posts from December, 2010

သုတရတနာဆုံးမစာ

ပညာရှိသောသူသည် မိမိအပြစ်ကို သူတို့ကိုမသိစေရာ။ သူတစ်ပါး၏အပြစ်ကိုကား သိအောင်ပြရာ၏။ အဘယ်ကဲ့သို့နည်းဟူမူကား လိပ်တို့သည်ခြေလက်ခေါင်းတို့ကို လျှို့ဝှက်ကုန်သကဲ့သို့ မိမိအပြစ်ကို လျှို့ဝှက်ရာ၏။ သူတစ်ပါးတို့အပြစ်ကိုလည်း မှတ်ရာ၏။ The wise man should not make his fault known to others while he takes notice of others’ faults, just as a tortoise hides its limbs. He should learn a lesson from others’ faults. လူမိုက်သည် ပညာရှိအားချီးမွမ်းခြင်းဖြင့် ဒဏ်ကိုပေးသည်မည်၏။ ပညာရှိကို ပညာရှိသည်သာလျှင် ချီးမွမ်းခြင်းသည်ကောင်းစွာ ချီးမွမ်းခြင်းမည်၏. When a fool praises a wise man, such praise amounts to punishment for the latter. Only when a wise man praises another, it is a genuine praise. လိုချင်တက်မက်ခြင်းရှိသောသူကို တန်စိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။ မာနခက်ထန်သောသူကို လက်အုပ်ချီသဖြင့် ယူရာ၏။ သူမိုက်ကိုကား အလိုသို့လိုက်သဖြင့် ယူရာ၏။ ပညာရှိကို အဟုတ်အမှန်ဆိုသဖြင့် ယူရာ၏။ One should win over the greedy person by giving him bribes. The arrogan...

စာရေးဆရာ

စာရေးဆရာတစ်ဦးဖြစ်သူ ကျွန်တော်သည် ၀တ္ထုတစ်ပုဒ်ရေးသားပြီး အမြည်းသဘောမျိုးဖြင့် ကိုပြောင်ကြီးကို ပေးပြီးဖတ်ခိုင်းလိုက်သည်။ ကျွန်တော်။ “ငါရေးတဲ့ဝတ္ထုအခြေအနေဘယ်လိုရှိသလဲကွ၊ ဝေဖန်စမ်းပါဦး ” ကိုပြောင်ကြီး။ “ သိပ်-သိပ်ကောင်းတယ်ဗျာ၊ ကျွန်တော်တို့မိသားစုတစ်ခုလုံးစိတ်မကောင်းဖြစ်ပြီး မျက်ရည်တောင်ကျတယ်” ကျွန်တော်။ “ ဟာ - ငါရေးတာ ဟာသ၀တ္ထုကွ - ဟ ကောင်ရ ”

ဘကြီးမှုံ

နယ်လှည့်ကဇတ်အဖွဲ့တစ်ဖွဲ့သည် ကျေးရွာတစ်ရွာသို့ သွားရောက်ပြီး ကပြဖျော်ဖြေရလေသည်။ ညတွင် ထွေးညိုပြဇတ်တစ်ခန်းရပ်ကပြကြသည်။ ထွေးညိုပြဇတ်ထဲမှ ဘကြီးမှုံဇတ်ခုံပေါ်တတ်လာသောအခါ အဘွားအိုတစ်ဦးတည် တအံတသြဖြစ်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပုံက- “ အော်ငါတို့ငယ်ငယ်တုန်းက ဘကြီးမှုံက အသက်ရှည်ချက်ကတော့ နာပါ့တော်၊ အခုထိတောင်နုပျိုနေတုန်းပဲ ” ဟူသတည်း။

ချစ်ရတဲ့သူတစ်ယောက်အကြောင်း

မမျှော်လင့်ပဲစတွေ့ပြီး မမျှော်လင့်ပဲချစ်ခွင့်ရခဲ့တယ် မမျှော်လင့်ပဲ ပျော်ရွှင်ခဲ့ရပြီး မမျှော်လင့်ပဲ နေ့ရက်တွေကအဓိပါယ်ရှိခဲ့တယ် မမျှော်လင့်ပဲ နားလည်မှုတွေလွဲပြီး မမျှော်လင့်ပဲ အေးစက်စက်ဖြစ်ခဲ့တယ် နောက်ဆုံးတော့ မမျှော်လင့်ပဲ လမ်းခွဲရတော့မယ်ထင်တယ် ကောင်မလေးရယ်..............