Posts

Showing posts from 2013

ကိုယ့်ကိုကိုယ်တန်ဘိုးထားခြင်း

Image
ကိုယ့်ကိုကိုယ်တန်ဘိုးထား ယုံကြည်နိုင်ဖို့ တစ်ယောက်တည်းနေလို့မရပါဘူး။ အပေါင်းအသင်း၊ အဖွဲ့ အစည်း၊ အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်စတာတွေနဲ့လိုက်လျောညီထွေနေနိုင်မှ ယုံကြည်ချက်ရှိပြီးပျော်ရွင်စွာ နေထိုင်နိုင်မှာပါ။ အဲဒီလိုလိုက်လျောညီထွေနေနိုင်ဖို့၊ ပျော်ရွှင်ဖို့အတွက် အသိညဏ်ပညာဆက်စပ်နေပါ တယ်။ လိမ်မာပါးနပ်သူတွေဟာ ပိုပြီးတော့ပျော်ရွှင်မှုရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။ အသိညဏ်ပညာရှိ တဲ့သူတွေအနေနဲ့ မြင့်မားတဲ့မျှော်လင့်ချက်တွေကိုထားရှိတတ်ပြီး မြင့်မားတဲ့ဘ၀အခြေအနေကို ရောက် အောင်ကြံစည်တတ်ကြတယ်။ လူမှုရေးနဲ့သက်ဆိုင်တဲ့ အသိညဏ်ပညာကပျော်ရွှင်မှုအတွက် စစ်မှန်တဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ တစ်ချို့သော သူတွေကပျော်ရွှင်စွာနဲ့မွေးဖွားလာကြတယ်။ တစ်ချို့သူတွေကြ တော့လည်း ပျော်ရွှင်မှုကင်းမဲပြီး မွေးဖွားလာကြတယ်။ မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ ပညာရှင်တော်တော်များများက ဘ၀နေထိုင်မှုနဲ့ ထက်ဝက်က မျိုးရိုးဗီဇနဲ့သက်ဆိုင်မှုရှိတယ်လို့ ယုံကြည်ကြတယ်။ ပျော်ရွှင်မှုနဲ့ပတ်သက်ရင် လည်း မျိုးရိုးဗီဇကကျယ်ပြန့်စွာပြဌာန်းထားတယ်လို့ဆိုပါတယ်။ ရိုးရိုးရှင်းရှင်းဆိုရရင်တော့ ပျော်ပျော်နေတတ် တဲ့သဘာဝရှိသူတွေဟာ ပျော်ရွှင်ကြရတာပါဘဲ။ ပျော်ပျော်နေတတ်လေ မိတ်ေ...

ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ ပျော်ရွှင်မှု

Image
        လူအများကသူတို့ဟာ မချမ်းသာလို့၊ သူဌေးသူကြွယ်တွေလို စည်းစိမ်မခံစားရလို့ဆိုပြီး စိတ်ပျက် ဝမ်းနည်း ကြတယ်။ စည်းစိမ်ဥစ္စာက လူကိုတကယ်ပဲ ပျော်ရွှင်စေသလား? ဘောဂဗေဒပညာရှင်တွေက ဒါကိုအရင်ကတည်းက လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ကြတယ်။ပစ္စည်းဥစ္စာတွေဟာလူကို ပျော်ရွှင်တဲ့စိတ်ခံစား မှုတွေ ပေးနိုင်ပေမယ့် ပစ္စည်းဥစ္စာများလေ ပျော်ရွှင်လေတော့ မဟုတ်ခဲ့ဘူး။ ဆန်းစစ်ချက်မှာ လူတွေဟာ စားဝတ်နေ ရေးအတွက် အခြေခံငွေကြေးတွေ လုံလောက်ပြီးရင် ပိုလာတဲ့ငွေကြေး တစ်ပြားတစ်ချပ်အပေါ် ဘာပျော်ရွှင်မှုမှ မခံစားရတော့ဘူးလို့ ဆိုတယ်။ ဥပမာအနေနဲ့ ၁၉၆ဝ ခုနှစ်မှာ ဂျပန်ဟာ ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။ ၂ဝ ရာစု ၈ဝ ခုနှစ် နှောင်းပိုင်းရောက်မှ လူတွေရဲ့ဝင်ငွေဟာ ၄ဆ ဖြစ်လာခဲ့ပြီး ချမ်းသာကြွယ်ဝတဲ့ စက်မှုနိုင်ငံဖြစ်လာခဲ့တယ်။ ဒါပေမယ့် ၁၉၈၇ ခုနှစ် ဂျပန်လူမျိုးတွေရဲ့ ပျမ်းမျှပျော်ရွှင်နှုန်းက ၁၉၆ဝ ခုနှစ်လောက် မရှိခဲ့ဘူး။ သူတို့ရဲ့နေ့စဉ် ဘဝမှာ အရင်ကထက် အဝတ်လျှော်စက်တွေ၊ ကားတွေ၊ ကင်မရာတွေနဲ့ အခြားဇိမ်ခံပစ္စည်းတွေ ပိုလာ ခဲ့ပေမယ့် ပျော်ရွှင်မှုကတိုးမလာခဲ့ဘူး။ ဒါကြောင့် ပစ္စည်းဥစ္စာတွေဟာ လူကိုပြည့်ဝတဲ့ ပျော်ရွှင်မှုတွေ မေ...

ဘာဖြစ်ဖြစ်

လူတွေဟာ အကျိုးအကြောင်း မဆင်ခြင်ဘူး. ရှေ့နောက်မညီဘူး.. အတ္တကြီင်္းတယ်... ဘာဖြစ်ဖြစ်သူတို့ကိုချစ်ပါ... People are unreasonable, illogical and self-centered  lave them anyway. ကောင်းတာလုပ်ရင် လူတွေကသင့်ကို နောက်ကွယ်က မဟုတ်တာတွေကို ဖုံးကွယ်နေတာလို့ ယူဆကြတယ်... ဘာဖြစ်ဖြစ်ကောင်းတာကိုလုပ်ပါ.. If you do good, people will accuse you of selfish ulterior motives. Do good anyway. သင်အောင်မြင်တဲ့အခါ မိတ်ဆွေအတုအယောင်များနဲ့ ရန်သူအစစ်အမှန်ကိုသာ ရပြန်လေရာ.. ဘာဖြစ်ဖြစ် အောင်မြင်မှုရရှိအောင်ကြိုးစားပါ.. If you are successful, you will win false friends and true enemies.Succeed anyway. ရိုးသားဖြောင့်မတ်သိက္ခာရှိပြီး ပွင့်ပွင့်လင်းလင်းလုပ်ဆောင်ရင် အန္တရာယ်များတယ်.. ဘာဖြစ်ဖြစ် သိက္ခာရှိပါ. ပွင့်လင်းပါ... Honesty and frankness make you vulnerable. Be honest and frank anyway. ဒီနေ့သင်ကောင်းတာ လုပ်ထားတာကို နောက်နေ့မေ့သွားကြတာဘဲ.. ဘာဖြစ်ဖြစ်ကောင်းတာကိုသာလုပ်ပါ. The good you do today will be forgotten tomorrow. Do good anyway. အကြီးကျယ်ဆုံးသောပညာဥာဏ်- အိုင်ဒီယာတွေပြည့်ဝနေတဲ့ အကြီးကျယ်ဆုံးသူများ...

ဝါဆိုဆိုတဲ့သီချင်းလေး....

အကြင်နာညတဲ့..

ကိုယ်ပိုင်ဘဏ်စာရင်း

Image
ကိုယ့်ကိုယ်ကိုယ်ဘယ်လိုထင်သလဲဆိုတာ ဘဏ်စာရင်းတစ်ခုနဲ့တူတယ်.. ကိုယ်ပိုင်ဘဏ်စာရင်းလို့ခေါ်ကြပါဆို့ ... ဘဏ်မှာငွေသွင်းငွေထုတ်လုပ်လို့ရသလို တွေးတာ၊ ပြောတာ လုပ်တာတွေကို ကိုယ့်ဘဏ်စာရင်းမှာ ထည့်လို့ရတယ်..  ဥပမာ- ကိုယ့်ဘာသာကိုယ် ကတိပေးထားတာဝန်ယူထားတာ တစ်ခုကိုလုပ်မိရင် ကိုယ့်ဘ၀ကိုကိုယ်ထိန်းချုပ်နိုင်တယ်လို့ ခံစားရတယ်..  အပ်ငွေ(စုဆောင်းငွေ)ထည့်လိုက်သလိုဘဲ.. တစ်ဖက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ကတိပျက်ရင် စိတ်ပျက်စရာ ဖြစ်ပြီး ကိုယ့်စာရင်းက ထုတ်သုံးလိုက်သလိုခံစားရတယ်.... ကိုယ့်ရဲ့ကိုယ်ပိုင်ဘဏ်စာရင်း ဘယ်လိုအခြေအနေရှိသလဲ၊ ကိုယ့်ကိုကိုယ် ဘယ်လောက်ယုံကြည်စိတ်ချမှုရှိသလဲ၊ အကြွေးတွေတင်၊ ဒေ၀ါလီခံရမယ့်အခြေအနေရောက်နေသလား  အချိန်ယူစဉ်းစားပါ... ညံ့ဖျင်းတဲ့ ကိုယ်ပိုင်ဘဏ်စာရင်းရဲ့စရိုက်လက္ခဏာတွေကတော့.. လုပ်ဖော်ကိုင်ဖက်တွေဖိအားပေးတာကို လိုက်လျောလွယ်တာ.. စိတ်ဓါတ်ကျတယ်၊ သူများထက်ညံ့တယ်ဆိုတဲ့ ခံစားချက်တွေနဲ့ ထွေးလုံးရစ်ပတ်နေတာ... အခြားသူတွေက ကိုယ့်ကိုဘယ်လိုထင်မြင်ကြသလဲဆိုတာ အစိုးရိမ်ကြီးနေတာ.. ကိုယ်မလုံမခြုံဖြစ်နေတာကို ဖုန်းကွယ်ဖို့ ဟိတ်ကြီးဟန်ကြီးလုပ်နေတာ.... မူးယစ်ဆေးဝါးသုံး၊ အကြမ်းဖက်ဂိုဏ်းတွေထဲဝင်၊ ...

သီချင်းနာမည်က သီသန့်ဖြစ်တည်မှုတဲ့

နားထောင်လို့တော့ တော်တော်ကောင်းတယ်ဗျ.. youtube မှာလည်းအများကြီးရှိပါတယ်..