ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ ပျော်ရွှင်မှု
လူအများကသူတို့ဟာ
မချမ်းသာလို့၊ သူဌေးသူကြွယ်တွေလို စည်းစိမ်မခံစားရလို့ဆိုပြီး စိတ်ပျက် ဝမ်းနည်း ကြတယ်။
စည်းစိမ်ဥစ္စာက လူကိုတကယ်ပဲ ပျော်ရွှင်စေသလား? ဘောဂဗေဒပညာရှင်တွေက ဒါကိုအရင်ကတည်းက လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ကြတယ်။ပစ္စည်းဥစ္စာတွေဟာလူကို ပျော်ရွှင်တဲ့စိတ်ခံစား မှုတွေ
ပေးနိုင်ပေမယ့် ပစ္စည်းဥစ္စာများလေ ပျော်ရွှင်လေတော့ မဟုတ်ခဲ့ဘူး။ ဆန်းစစ်ချက်မှာ
လူတွေဟာ စားဝတ်နေ ရေးအတွက် အခြေခံငွေကြေးတွေ လုံလောက်ပြီးရင် ပိုလာတဲ့ငွေကြေး
တစ်ပြားတစ်ချပ်အပေါ် ဘာပျော်ရွှင်မှုမှ မခံစားရတော့ဘူးလို့ ဆိုတယ်။
ဥပမာအနေနဲ့
၁၉၆ဝ ခုနှစ်မှာ ဂျပန်ဟာ ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။ ၂ဝ ရာစု ၈ဝ ခုနှစ် နှောင်းပိုင်းရောက်မှ
လူတွေရဲ့ဝင်ငွေဟာ ၄ဆ ဖြစ်လာခဲ့ပြီး ချမ်းသာကြွယ်ဝတဲ့ စက်မှုနိုင်ငံဖြစ်လာခဲ့တယ်။
ဒါပေမယ့် ၁၉၈၇ ခုနှစ် ဂျပန်လူမျိုးတွေရဲ့ ပျမ်းမျှပျော်ရွှင်နှုန်းက ၁၉၆ဝ ခုနှစ်လောက်
မရှိခဲ့ဘူး။ သူတို့ရဲ့နေ့စဉ် ဘဝမှာ အရင်ကထက် အဝတ်လျှော်စက်တွေ၊ ကားတွေ၊
ကင်မရာတွေနဲ့ အခြားဇိမ်ခံပစ္စည်းတွေ ပိုလာ ခဲ့ပေမယ့် ပျော်ရွှင်မှုကတိုးမလာခဲ့ဘူး။
ဒါကြောင့် ပစ္စည်းဥစ္စာတွေဟာ လူကိုပြည့်ဝတဲ့ ပျော်ရွှင်မှုတွေ မပေးနိုင် ကြောင်းတွေ့ရတယ်။
တကယ်တမ်းမှာ လူတွေဟာ ဥစ္စာတွေပိုတိုးပွားအောင် အရင်ကထက် ပိုအလုပ်လုပ် ကြရတယ်။
ပိုအလုပ်ရှုပ်ကြတယ်။ စိတ်ဖိအားတွေ ပိုလာကြတယ်။ သူတို့ ပျော်ရွှင်နိုင်ကြဦးမလား?
အမေရိကန်
နယူးယောက်ပြည်နယ်က လေ့လာဆန်းစစ်ချက်တစ်ရပ်မှာ ထီမဖွင့်ခင် ထီထိုးသူတွေဟာ
ထီပေါက်ရင် ဘာလုပ်မယ်၊ ဘာလုပ်မယ် စတဲ့စိတ်ကူးထဲမှာ မျောနေတတ်ကြ တယ်။
မေးမြန်းချက်မှာ တချို့ က "ထီပေါက်ပြီး ပထမဆုံးလုပ်မယ့်အချက်က
အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီကိုဝယ်ပြီး သူဌေးကိုမောင်း ထုတ်ပစ်မယ်"
လို့ဖြေကြတယ်။ ထီပေါက်တဲ့ကံကောင်းသူက ထီပေါက်ပြီး ရက်သတ္တပတ် အတော်ကြာတဲ့ အထိ
ရလိုက်တဲ့ဆုကြေးတွေထဲ ပျော်ဝင်နေတတ်တယ်။ ဒါပေမယ့် ဥစ္စာပစ္စည်းတွေဟာ ပျော်ရွှင်မှုကို
တာရှည်မပေးနိုင်ကြောင်း တွေ့ရပြန် တယ်။ နှစ်အတန်ငယ်အကြာမှာ အဲဒီကံကောင်းသူတွေရဲ့
ပျော်ရွှင်မှုခံစားချက်ဟာ အရင်ကထက် လျော့နည်းလာတာကို တွေ့ရတယ်။ ပျော်ရွှင်ခြင်းတွေ
ဘယ်ရောက်ကုန်လဲ?
ဘယ်အရာ၊
ဘယ်ဥစ္စာက ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့
အမြဲခန့်မှန်း ကြတယ်။ ဒါပေမယ့်နောက်ဆုံးမှာခန့်မှန်းတာနဲ့အမြဲလွှဲရတယ်။
ပျော်ရွှင်ခြင်းကို လေ့လာဆန်းစစ်တဲ့ ဟားဗတ် တက္ကသိုလ် စိတ်ပညာပါမောက္ခ Daniel
Gilbertက "စိတ်ခံစားချက်ကို ဘာလဲဆိုတာ ပြောရဖို့ခက်တယ်။ ဒါပေမယ့် စိတ်ခံစားချက်ကို
ကျွန်တော်တို့ ခံစားလို့ရနိုင်တယ်"လို့ ဆိုခဲ့တယ်။
ဒဿနိကဗေဒပညာရှင်တွေက
ပျော်ရွှင်ခြင်းကို ကျင့်ဝတ်သိက္ခာနဲ့ အဓိပ္ပာယ်ဖွင့်ကြတယ်။ ရှေးဂရိ ဒဿဗေဒပညာရှင်
Aristotélēsက "ပျော်ရွှင်တဲ့ဘဝဆိုတာ တစ်သက်လုံး ကောင်းတာတွေ လုပ်တာပါပဲ။
တကယ်လို့ သင်အပြစ်လုပ်ရင် ပျော်ရွှင်ခြင်းကို သင်မရနိုင်ဘူး" လို့ပြောခဲ့ တယ်။
ပျော်ရွှင်ခြင်းဆိုတာ ကောင်းတဲ့ခံစားချက်ဖြစ်တယ်။ Daniel Gilbertက
"ပျော်ရွှင်တဲ့ခံစားချက်ဆိုတာ သင့်ရင်ခွင်ထဲ သင့်ကလေး တိုးဝင်တဲ့အချိန်၊
ခရီးသွားတစ်ယောက်ကို သူသွားလိုရာရောက်အောင် လမ်းပြကူညီလိုက်တဲ့အချိန်၊ ဒါမှမဟုတ်
အရသာရှိတဲ့ဟမ်ဘာဂါတစ်ခုကို သင်အားရပါးရစားနေတဲ့အချိန်မျိုးမှာ အဲဒီခံစားချက်ကို
ခံစား နိုင်တယ်" လို့ ဆိုခဲ့တယ်။ ကိုယ်ချစ်ရတဲ့သူနဲ့
လမ်းအတူလျှောက်တဲ့အခါမျိုး၊ ကလေးကို ပန်းသီးခွံပေးတဲ့ အခါမျိုး... အဲဒီလို
ပျော်ရွှင်မှုထဲ သင်နစ်ဝင်ဖူးလား? လီယိုတော်စတွိုင် ပြောခဲ့တယ် ပျော်ရွှင်တဲ့မိသားစုက
အရာအားလုံးတူညီကြတယ်။ မပျော်ရွှင်တဲ့မိသားစုက ခြားနားမှုကိုယ်စီရှိကြတယ်တဲ့။ လူတိုင်းမှာ
ပျော်ရွှင်ခြင်း ကိုခံစားတဲ့ ခံစားချက်တွေက တူညီကြတယ်။ ဒါပေမယ့်
ပျော်ရွှင်ခြင်းကိုခံစားတဲ့ အကြောင်းပြချက်တွေက မတူကြဘူး။
ပျော်ရွှင်ခြင်းဆိုတဲ့
စိတ်ခံစားမှုတစ်မျိုးဖြစ်တယ်။ အဲဒီစိတ်ခံစားမှုကို မလွတ်တမ်း တင်းတင်းဖမ်းဆုပ်
ထားလို့မရနိုင်ဘူး။ ဒါပေမယ့် အဲဒီစိတ်ခံစားမှုက ထပ်တလဲလဲ ပြန်ဖြစ်တတ်တယ်။
တနည်းပြောရရင် ကြောက်ရွံ့ခြင်းဟာလည်း စိတ်ခံစားမှုတစ်မျိုးဖြစ်တယ်။ ဘယ်သူကမှ
ကြောက်ရွံ့ခြင်းထဲမှာ တာရှည် မနေချင်ကြဘူး။ မောင်းထုတ်ပစ်လိုက်လို့ရတယ်။ အဲဒီလိုပဲ
ပျော်ရွှင်ခြင်းထဲ ကြာကြာနစ်ဝင်ချင်တယ်ဆိုပြီး ပျော်ရွှင်ခြင်းကို တစ်သက်လုံး
ဖမ်းဆုပ်ထားလို့ မရဘူး။ ကိုယ့်ဆီသူလာတယ်... ပြန်ထွက်သွားတယ်။ အဲဒီလို လာလိုက်
ထွက်သွားလိုက်နဲ့ ထပ်တလဲလဲဖြစ်တတ်တယ်။
ပျော်ရွှင်ခြင်းကို
လိုက်လံရှာဖွေတဲ့နည်းတွေဟာ များသောအားဖြင့် မှားတာများပြီး မှန်တာနည်းတာကို
တွေ့ရတယ်။ ခုချိန်မှာ မျက်လုံးမှိတ်ပြီး သင့်ကိုပျော်ရွှင်နိုင်စေတဲ့ အရာတွေကို
သင်မြင်ယောင်ကြည့်လို့ရတယ်။ အဲဒီအရာတွေက ကားကောင်းတစ်စီးဖြစ်မယ်၊
ခရီးစဉ်တစ်ခုဖြစ်မယ်၊ တောနက်ထဲက ဘန်ဂလိုတစ်လုံး ဖြစ်မယ်။ ပျော်ရွှင်ဖို့အတွက်
ဒီအရာတွေကို ပိုင်ဆိုင်နိုင်ဖို့ သင်ကြိုးစားရုန်းကန်မယ်။ ဒါဟာ ပျော်ရွှင်ခြင်းကို
ရှာဖွေတဲ့နည်းမှားဖြစ်တယ်။
လေ့လာဆန်းစစ်သူတွေဟာ
မတူတဲ့အသက်အရွယ်၊ မတူတဲ့လူတန်းစားတွေကိုခွဲပြီး ဆန်းစစ်မှု တစ်ရပ်လုပ်ခဲ့တယ်။
ဆန်းစစ်မှုထဲ ပါဝင်တဲ့လူတွေက သူတို့စိတ်ကူးခဲ့တဲ့အရာတွေ တကယ့်အကောင် အထည်ပေါ်လာတဲ့
ခံစားမှုမျိုးနဲ့ သူတို့ရဲ့ပျော်ရွှင်မှုအပေါ် ကြိုတင်အမှတ်ပေး သတ်မှတ်ရတဲ့
ဆန်းစစ်မှုကို လုပ်ခဲ့တယ်။ လေ့လာသူတွေက သူတို့ရဲ့ပြောင်းလဲလာတဲ့ နေ့စဉ်ဘဝကို
မပြတ်စောင့်ကြည့် လေ့လာ ခဲ့ကြတယ်။ နှစ်အတန်ငယ်ကြာတဲ့အခါ ဆန်းစစ်ခံရသူတွေဟာ သူတို့ရဲ့စိတ်ကူးအိပ်မက်အတိုင်း
ကားတွေ၊ တိုက်တာတွေကို ပိုင်ဆိုင်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ
သူတို့ရဲ့ပျော်ရွှင်မှုအပေါ် သူတို့အမှတ်ပေး သတ်မှတ်ရပြန်တယ်။ ရှေ့ကကြိုတင်အမှတ်နဲ့
အခုအမှတ်တူနေခဲ့ရင် သူတို့ရဲ့ပျော်ရွှင်မှုက မပြောင်းဘူး လို့ဆိုတယ်။ ဒါပေမယ့်
ဆန်းစစ်မှုမှာ အမှတ်တွေက ခြားနားနေတာကို တွေ့ခဲ့ရတယ်။ ဥစ္စာပစ္စည်းတွေ ပိုင်ဆိုင်ရမှ
ပျော်ရွှင်ရတယ်လို့ ထင်ခဲ့တဲ့ အထင်တွေဟာ မှားနေတာကို တွေ့ခဲ့ရတယ်။
စိတ်ပညာပါမောက္ခ
Daniel Gilbertက ပစ္စည်းဥစ္စာဝယ်တာ၊ ခေတ်ရေစီးနောက်တာ၊ ပိုကောင်းတဲ့ အစားအစာတွေကို
ဇိမ်ခံစားသောက်တာနဲ့ပျော်ရွှင်ခြင်းကိုသတ်မှတ်လို့မရဘူးလို့ဆိုတယ်။ ဒါဟာ တိုတောင်း
တဲ့ပျော်ရွှင်ခြင်းဖြစ်ပြီး ပျော်ရွှင်ခြင်းရမှတ်ကို လျော့နည်းစေတယ်လို့
ဆိုထားပါတယ်။ ပျော်ရွှင်ခြင်းဆိုတာ ရေငတ်နေတုန်းသောက်ရတဲ့ရေတစ်ခွက်၊
ဆာနေတုန်းစားရတဲ့ခေါက်ဆွဲတစ်ထုပ်၊ အားငယ်နေတုန်း ကြားရတဲ့ အားပေးစကားတစ်ခွန်း၊
ဝမ်းနည်းနေတုန်းဖေးမတဲ့လက်တစ်စုံ၊ ချမ်းအေးတဲ့ဆောင်းရာသီရဲ့ နွေးထွေးတဲ့ နေရောင်ခြည်ဘဲဖြစ်တယ်။
ဒါကြောင့် ပိုက်ဆံရှိတိုင်းလည်း ပျော်ရွှင်မှုအမြဲတမ်းမရှိနိုင်ဘူး...
ဒါကြောင့် ပိုက်ဆံရှိတိုင်းလည်း ပျော်ရွှင်မှုအမြဲတမ်းမရှိနိုင်ဘူး...

Comments
Post a Comment