ဒီနေရာကလေးကကျွန်တော်သွားလည်နေကျနေရာလေးပေါ့ Type the rest of your post here.
Posts
Showing posts from January, 2010
မြန်မာ့ကျေးလက်ရနံ့ မွေးပျံ့ခဲ့သောသံပေါက်ကဗျားများ
- Get link
- X
- Other Apps
ကဗျာအစသံပေါက်ကလို့ ရှေးစာဆိုကြီးများက အဆိုရှိဖူးပါတယ်။ အဲဒီစကားနှင့်အညီ သံပေါက်ကဗျာလေးတွေဟာ တစ်ချိန်တုန်းက မြန်မာစာပေလောကမှာကော ကျေးလက်ဒေသမှာကော အတော်ကလေးအသုံးဝင်ခဲ့ကြပါတယ်။ တွင်ကျယ်ပုံကိုလေ့လာကြည့်မယ်ဆိုရင် မြန်မာကျေးလက်ဒေသရှိလယ်ယာကဏ္ဍမှာ အသုံးတွင်ကျယ်လျက်ရှိတဲ့ နွားများရဲ့ လက္ခဏာကို သံပေါက်ကလေးများအဖြစ် ရေးဖွဲ့ထားတာကို အခုလိုတွေ့ရှိရပါတယ်။ မမွေးအပ်သော နွား ၇ မျိုးမှာ “ အသားပွငြား၊ နိမ့်တင်ပါး၊ ထိုနွားမမွေးအပ်။ ပေါင်အနေစောင်း၊ ဒူးမြင်းခေါင်း၊ မကောင်းဟူပြီးမှတ်။ သွားကြားရေယို၊ တယ်လူးချို၊ နံတိုနံကြပ် မမွေးအပ်၊ မျက်တွင်းကျနွား၊ ခြေခွင်နွား၊ မွေးထားမပြုအပ်၊ မြေကပ်ပြီးပါ၊ ခြေကိုခါ၊ ခေါင်းမှာ တိုလတ်မမွေးအပ်၊ မွေးတိုမြီးရှည်၊ မွေးကြမ်းသည်လည်ရှည် တိုလတ်မမွေးအပ်၊ နွားခေါင်းရှည်ငြား၊ ထိုသည့်နွား၊ မွေးထားဘေးတွေ့တတ်၊ မမွေးင့်ငြား၊ ထိုထိုနွား ရှောင်ရှားသက်လုံးမှတ် ” လို့ဖြစ်ပါတယ်။ ဒီသံပေါက်ကလေးတွေကို နွားအသုံးပြုသူတောင်သူလယ်သမား ဦးကြီးများနဲ့ နွားအရောင်းအ၀ယ်ပြုကြသူများအနေနဲ့ အလွတ်ရအောင်နှုတ်တက်ဆောင်ကြရပါတယ်။ အဲသလိုမမွေးအပ်တဲ့ နွားတွေကိုသိပြီးတော့ မွေးသင့်တဲ့နွား (၉)မျိုးအကြောင်းကိုလည်း အခုလိုတွေ့ရ...
စိန်ပန်း
- Get link
- X
- Other Apps
ဘုရားမတင် မပန်ဆင်လည်း သူ့တွင်ဝန်တာ ကျေပွန်စွာဖြင့် သာယာလှအောင် သူစွမ်းဆောင်၏ တော်ဝင်ပန်းနှယ် မတင့်တယ်လည်း မြေ၀ယ်ကြွေခ သူ့အလှဖြင့် သန္တာအဆင်း ကော်ဇောခင်း၏ ပူရှိန်ပြင်းဒဏ် ခံရပါလည်း အံကိုခဲပြီး မလျှော့လုံလ ကြွေးကြော်ပြသည် ဖြတ်ကြနင်းစမ်းရဲသည့်ပန်း မြတ်သည့်အကျင့် ရဲရင့်စိတ်ဓာတ် မလျှော့စွမ်းအား လေးစားဖွယ်ရာ မြတ်နိုးပါသည် ရဲရင့်ပွင့်လန်းအို...စိန်ပန်း (ကဗျာလေးကိုကြိုက်လို့ပါ)
မေတ္တာ
- Get link
- X
- Other Apps
အိပ်ရာဘေး ပြတင်းပေါက်က တံစက်မြိတ်ပေါ် နှင့်းတွေပြိုကျသံကြားတိုင်း ကျွန်တော့်မြို့လေးကို လွမ်းတယ်မေမေ... ဆိုင်ကယ်အရမ်းပေါတဲ့ မြို့မှာနေပြီး ကျွန်တော့်ကယ်ရီယာလေးကိုဖုန်သုတ်ရင်း အားမွေးနေရဦးမယ်... အမေ့ကိုပြောပြရင်ရယ်ချင်ရယ်ရဦးမယ် ချစ်သူကကိုယ်ကျပ်အကျီင်္ဆိုရင် မေမေကနှင့်းကာအီကျီင်္လေးပေါ့ ဘယ်သူတွေခိုက်ခိုက်တုန်တုန် ကျွန်တော်ကတော့ လုံပါတယ် အရင်က၀တ်စုံလေးနဲ့ပဲ နွေးနေတုန်း.....
ဟာသများ
- Get link
- X
- Other Apps
အငိုလေ့ကျင့်ခန်းတဲ့ ကျွန်တော်တို့ရွာမှာ မောင်ဝင်းလွင်၏ကြီးတော် ဒေါ်ကျီးကန်းသည်အလွန် အငိုသန်သူတစ်ဦးဖြစ်သည်။ ရွာတွင်နာရေးဖြစ်ပြီး ငိုမယ့်သူမရှိက အကူအညီတောင်းလျှင်အခမဲ့ငိုပေးလေ့ရှိသည်။ တစ်နေ့တွင် မောင်ဝင်းလွင်၏ဖခင် ဦးရှင်သေဆုံးသွားသည်။ ထိုအချိန်တွင် ကြီးတော်ဒေါ်ကျီးကန်းမှာ ခရီးလွန်နေသဖြင့် မသိလိုက်ရ၊ သုံးရက်ခန့်အကြာခရီးကပြန်နလာမှသိရပြီးဆွေးမျိုးအချိုကနှင့် အတူသုသာန်သို့ချက်ချင်းသွားခဲ့သည်။ ငိုချင်နေသူ ဒေါ်ကျီးကန်းသည် သုသာန်သို့ေ၇ာက်သည်နှင့် မြေပုံမို့မို့အသစ်တစ်ခုအား တွေ့တွေ့ချင်းပစ်လှဲချပြီး ရှိုက်ကြီးတငင်ငိုကြွေးတော့၏။ ထိုအချိန်တွင် တူဖြစ်သူမောင်ဝင်းလွင်မှာ သူ၏အနားသို့ရပ်ပြီး- “ကြီးတော် ဖက်ပြီးငိုနေတာမှားနေတယ်။ အဖေ့မြေပုံက ဘယ်ဘက်မှာဗျ” ဟုဒေါ်ကျီးကန်းအားပြောပြရာ ဒေါ်ကျီးကန်းမှာ ရှက်ရှက်နှင့်ပြန်ပြောလိုက်ပုံကြောင့် ဆွေမျိုးများ၊ ငိုအားထက်ရယ်အားသန်ခဲ့သည်။ သူပြောလိုက်ပုံမှာ- “ငါသိတယ်ဟဲ့ ငါသိတယ်။ နင့်အဖေအတွက် အားရပါးရငိုနိုင်အောင်လေ့ကျင့်ခန်းလုပ်နေတာ” ဟူသတည်း။
ရင်ဖွင့်ချက်
- Get link
- X
- Other Apps
မျက်နှာကပြုံးနေတယ်ဆိုပြီး ပျော်ရွှင်နေတယ်မင်းထင်လား ရယ်ပြီးပြောနေပေမယ့် ရင်ထဲမှာမငိုဘူးလို့မင်းပြောနိုင်လား အမြင်တစ်ခုကိုကြည့်ပြီး ပေါ့ပျက်ပျက်နိုင်ပေမယ့် ငါစဉ်းစားတဲ့အရာရာတိုင်းဟာ မင်းအတွက်ပဲဆိုတာနားလည်ပေးပါကွာ.... စိတ်ညစ်စရာကြုံလာတဲ့အခါ ရင်ဖွင့်ခြင်ခဲ့တယ် ဘာပဲပြောပြောအားပေးမှုတစ်ခုကိုပေါ့.... ဒါမှမဟုတ်နှစ်သိမ့်မှုလေးတစ်ခုကိုပေါ့ ဒါပေမယ့်တွယ်တာမိတဲ့ငါကပဲအပြစ်လား ပျော်ပျော်နေတတ်တဲ့မင်းကပဲအပြစ်လားဆိုတာ မခွဲခြားတတ်ဘူးအရာရာတွက်တန်ဖိုးထားပြီး မင်းအတွက်ဦးစားပေးစဉ်းစားပေးခဲ့ပေမယ့် ငါပြန်ရတာကဟာသတစ်ခုပါ...............
စိတ်ကူး
- Get link
- X
- Other Apps
ကြိုမပြင်တဲ့အနာဂတ်ကို လှပစွာစိတ်ကူးယဉ်ခဲ့ပေမယ့် ဖြစ်လာတာတွေက မျှော်လင့်ချက်ကို ရိုက်ချိုးသွားတယ် စိတ်ကူးယဉ်သလိုဖြစ်မလာတော့ ၀မ်းနည်းတာကလွဲရင် ငါဘာမှလုပ်ယူလို့မရတော့ဘူး စိတ်ကူးယဉ်ခွင့်ရတာကိုလေးကိုပဲ မင်းကိုကျေးဇူးတင်နေမှာပါ အရာအားလုံးကိုခွင့်လွှတ်ရင်းနဲ့ပဲ အဝေးကနေပဲချစ်နေတော့မယ် မင်းပျော်ရွှင်ပါစေလို့ဆုတောင်းရင်းနဲ့ပေါ့.........