ဟာသများ

အငိုလေ့ကျင့်ခန်းတဲ့
ကျွန်တော်တို့ရွာမှာ မောင်ဝင်းလွင်၏ကြီးတော် ဒေါ်ကျီးကန်းသည်အလွန် အငိုသန်သူတစ်ဦးဖြစ်သည်။ ရွာတွင်နာရေးဖြစ်ပြီး ငိုမယ့်သူမရှိက အကူအညီတောင်းလျှင်အခမဲ့ငိုပေးလေ့ရှိသည်။
တစ်နေ့တွင် မောင်ဝင်းလွင်၏ဖခင် ဦးရှင်သေဆုံးသွားသည်။ ထိုအချိန်တွင် ကြီးတော်ဒေါ်ကျီးကန်းမှာ ခရီးလွန်နေသဖြင့် မသိလိုက်ရ၊ သုံးရက်ခန့်အကြာခရီးကပြန်နလာမှသိရပြီးဆွေးမျိုးအချိုကနှင့် အတူသုသာန်သို့ချက်ချင်းသွားခဲ့သည်။ ငိုချင်နေသူ ဒေါ်ကျီးကန်းသည် သုသာန်သို့ေ၇ာက်သည်နှင့် မြေပုံမို့မို့အသစ်တစ်ခုအား တွေ့တွေ့ချင်းပစ်လှဲချပြီး ရှိုက်ကြီးတငင်ငိုကြွေးတော့၏။ ထိုအချိန်တွင် တူဖြစ်သူမောင်ဝင်းလွင်မှာ သူ၏အနားသို့ရပ်ပြီး-
“ကြီးတော် ဖက်ပြီးငိုနေတာမှားနေတယ်။ အဖေ့မြေပုံက ဘယ်ဘက်မှာဗျ”
ဟုဒေါ်ကျီးကန်းအားပြောပြရာ ဒေါ်ကျီးကန်းမှာ ရှက်ရှက်နှင့်ပြန်ပြောလိုက်ပုံကြောင့် ဆွေမျိုးများ၊ ငိုအားထက်ရယ်အားသန်ခဲ့သည်။
သူပြောလိုက်ပုံမှာ-
“ငါသိတယ်ဟဲ့ ငါသိတယ်။ နင့်အဖေအတွက် အားရပါးရငိုနိုင်အောင်လေ့ကျင့်ခန်းလုပ်နေတာ”
ဟူသတည်း။

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ