စိန်ပန်း

ဘုရားမတင် မပန်ဆင်လည်း
သူ့တွင်ဝန်တာ ကျေပွန်စွာဖြင့်
သာယာလှအောင် သူစွမ်းဆောင်၏
တော်ဝင်ပန်းနှယ် မတင့်တယ်လည်း
မြေ၀ယ်ကြွေခ သူ့အလှဖြင့်
သန္တာအဆင်း ကော်ဇောခင်း၏
ပူရှိန်ပြင်းဒဏ် ခံရပါလည်း
အံကိုခဲပြီး မလျှော့လုံလ
ကြွေးကြော်ပြသည်
ဖြတ်ကြနင်းစမ်းရဲသည့်ပန်း
မြတ်သည့်အကျင့် ရဲရင့်စိတ်ဓာတ်
မလျှော့စွမ်းအား လေးစားဖွယ်ရာ
မြတ်နိုးပါသည်
ရဲရင့်ပွင့်လန်းအို...စိန်ပန်း
(ကဗျာလေးကိုကြိုက်လို့ပါ)

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ