Posts

Showing posts from February, 2010

သစ္စာအောင်ပွဲ

အမတ်ထိန်၏ တည်ငြိမ်ရဲရင့် ပွဲလယ်တင့်သည့် မျှော်ချင့်တက်စွာ ညဏ်ပညာကြောင့် ဟံသာနန်းရှင် သူ့သခင်က သံလျင်ပိုင်စား ပေးသနားသည် မြှောက်စားခြေရင်း ခ၀ပ်စင်း ထီးဆောင်းမင်း၏ ကျွန်တော်ရင်း... ဗညာဦးမင်း နာဖျားခြင်းကြောင့် နန်တွင်းခြေနေ ရှုပ်ထွေးပွေခဲ့ နန်းမွေလုဘက် သားသမက်တို့ စောင်မျက်ရန်မူ ဘေးပြွမ်းထူပြီး လူသူစုဖွဲ့ ဗညားနွဲ့လျှင် စုန်ခဲ့ဒဂုံ ထောင်ထားတုံသော် နန်းဘုံရွှေမြို့ မတ်အချို့လည်း လျှို့ဝှက်ဆက်သွယ်ကြသော်ငြား အမတ်ထိန်မူ နေနိုင်အား.... ဗညားနွဲ့က အရေးလှပြီး ရာဇဓိရာဇ် နန်းတက်ဖြစ်သော် မုန်ယစ်ဆင်ပြောင် တွေ့မရှောင်သို့ ရန်စောင်ခဲ့ဖူး သမိန်မရူးကို ရှေးဦးကွပ်မျက် တစ်ဖန်ဆက်ပြီး နန်းတက်ရောက်မှ ဦးနှီမ့်ချဟု အမတ်တိန်ကို ကွပ်စေဆိုသော် ရန်ကိုဆိုင်တွေ့ ရွှေခြေင်္သေ့သို့ ရဲပေ့သတ္တိ ပကတိဖြင့် တင်ဘိသည်လည်း ပြတ်ပြတ်သား ရာဇ၀င်တွင်မည့် သူစကား ညီလာသဘင် ဟိန်းထွက်သွား... “ သတ်လျှင်လည်းသေ ထားလည်းနေအံ့ ရွှေထီးဖြူဆောင်း ပြည့်ဦးခေါင်းသော ခညောင်းကျိုးနံွံ့ သစ္စာခံ၏ ပုန်ကန်သူအား မခစား မျက်ထားပြစ်မြင် ကွပ်စီရင်ဟု နောင်တွင်ပြောထုံး ကျင့်ကြံသုံးက ပျက်သုဉ်းမနှေး ပြည်ထဲရေးတည့် တွေးဆကြိမ်ကြိမ် အမတ်တိန်သို့ ညဏ်တိမ်ရူးမိုက် မပြုလိုက်...

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

အင်းဝခတ်ကလို့ဆိုပါတယ် အင်းဝဘုရင်က ညီလာခံစုံတဲ့ဗိုလ်ပုံအလယ်မှာ “ မှူးကြီး၊ မတ်ကြီးများလျှာဖျားအရသာခံတဲ့ နေရာမှာ ဘယ်အစားအစာက အရသာ အထူးကဲအကောင်းမွန်ဆုံးဖြစ်သလဲ” လို့မေးတော်မူသတဲ့။ ၀န်ကြီးတွေ မှူးကြီးမတ်ကြီးတွေလည်း ဘယ်သူကဘာများဖြေမလဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အခါအခွင့်စောင့်နေကြတာပေါ့။ ၀န်ဇင်းမင်းရာဇာက “ မှန်လှပါ ကျွန်တော်မျိုးသိမြင်သမျှလျှောက်တင်ရလျှင် အစားအစာအရသာတကာတို့တွင် အကောင်းဆုံးအရာ သုံးခုရှိပါတယ်ဘုရား။ ယင်းတို့ကား(၁)ဖွတ်ဥ (၂)လိပ်အသည်း (၃)ကျွဲနို့ခဲတို့ပင်ဖြစ်ကြောင်းပါဘုရား” လို့ ရဲ့ရဲ့ဝံ့ဝံ့တိတိကျကျတင်လျှောက်ဖြေကြားသတဲ့။ ဘုရင်ဘာမှမပြော၊ ဆက်လည်းမမေး၊ ဆိတ်ဆိတ်သာနေတော်မူသတဲ့။ ဒီလိုနဲ့ အခြားအကြောင်းအရာတွေပြော၊ ညီလာခံစဲ။ ထိုနေ့ညီလာခံပြီးသွားရောပေါ့။ အချိန်ကာလခြောက်လ၊ တစ်နှစ်ခန့်ကြာသောနေ့တစ်နေ့တွင် အင်းဝပြည့်ရှင်ဘုရင်မင်းကြီးက ဘိုးရာဇာကိုကြည့်ကာ- “ သူ့ချည်းပဲလား ” တဲ့။ အဆက်အစပ်မရှိ မေးမြန်တော်မူတယ်။ အခြားသော မှူးမတ်ဗိုလ်ပါတို့ ဘာမှန်းမသိ။ ဘာပါလိမ့်။ အရှင်မင်းကြီးက ဘာကိုသိလိုတာပါလိမ့်။ပဟေဌိဖြစ်နေစဉ်၊ ဘိုးရာဇာအမတ်ကြီးက “ မှန်လှပါ ဆားနဲ့ပါဘုရား ” လို့ဖြေကြားလျှောက်တင်လေသတဲ့ဗျ...

နေညိုချိန်

နေညိုချိန် ညနေစောင်းလာတော့ ငှက်အပေါင်း အတောင်ညောင်းပြီထင်ပါရဲ့ သာမောဘွယ်သူ့အိပ်တန်းဆီသို့ ရည်မှန်းလို့ပျံ... ဟိုးအဝေး မျှော်ငေးကာကြည့်ပြန်တော့ ဖော်ဝေးသူ နေနီဝန်းရယ်က ယွန်းသီကာ၊ ရွှန်းနီဝါတိမ်အရိပ်မှာ အိပ်တော့မယ်လေး.....

အေးရိပ်

တွေးလေလေ ခါခါလွမ်းပါဘိ မွေးဖေဖေ ဇရာလွမ်းတို့ရဲ့ အညာစခန်းက တမာပင် ရွာအ၀င် ပင်မန်ကျည်းရယ်နဲ့ လာပါလျှင် အမြင်နီးပေမဲ့ ခရီးတစ်ထောက်နားကာဝင် သားလာလျှင် အကြားအမြင်ဝါးဝေလဲ အားအင်နဲဇရာလက်ရယ်နဲ့ ကျမျက်ရည် ခါခါတို့ပါလို့ ဆို့နင့်နင့် အက်တက်တက် မထွက်တစ်ထွက် အမေ့သံစဉ် နားဝင်ကငြိမ့်အေး... ကလေးအရွယ် ငယ်ငယ်တုန်းကလို ပြုံးချိုချို မျက်နှာပေးရယ်နဲ့ ထွေးလာတဲ့ အမေ့လက်ပေါ် မှေးစက်ကာ ပျော်ချင်စမ်းပါဘိ ပကတိအခြေအနေက မွေးဖေဖေ ဇရာကျပြီမို့ ဖေးမကာ နှစ်သိမ့်စကားရယ်နဲ့ တရားဘာဝနာ ပွားကြပါဘို့ (အဖေအမေတို့ကိုလေ) နားချမိသေး.... (ကဗျာလေးကိုသဘောကျလို့ပါကူးယူတင်ပြထားခြင်းဖြစ်ပါသည်။)

အိပ်မပျော်ခြင်းအတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း

ရောဂါအမျိုးအစားဖော်ပြချက် လူတို့သည်တစ်ခါတစ်ရံအိပ်ပျော်ရန် အခက်အခဲရှိကြသည်။ အိပ်မပျော်ခြင်းသည် စိတ်ပိုင်းဆိုင်ရာစိုးရိမ်ကြောင့်ကြမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုတို့ကြောင့်ဖြစ်သည်။ ရောဂါလက္ခဏာများ အိပ်မပျော်ခြင်းသည် ယာယီအိပ်မပျော်ခြင်းဖြစ်လေ့ရှိသကဲ့သို့ ရေရှည်အိပ်မပျော်ခြင်းလည်း ဖြစ်တတ်သည်။ သက်ကြီးရွယ်အိုအများစုမှာ အိပ်မပျော်သည့်ရောဂါစွဲကပ်လေ့ရှိသည်။ ကုသမှုလမ်းညွှန်ချက် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းအတွက် အောက်ပါကုထုံးနှင့် ဆေးဝါးများအနက် တစ်မျိုးမျိုးသုံးစွဲကုသနိုင်သည်။ ၁။ ဗြုံးမွေးပင် သို့မဟုတ် မြင်းခွာပင်သတ္တုရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း (၅မီလီမီတာ)တွင် ထန်းလျက်ရောစပ်ပြီး နေ့စဉ်၂ကြိမ် တိုက်ပါ။ ၂။ ပိတ်ချင်းပင်အမြစ်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း(၅ဂရမ်)ကို ထန်းလျက်ရောစပ်ပြီးညအိပ်ရာဝင်တွင်တိုက်ပါ။ ၃။ ဇော်ဂျီမှတ်ဆိတ်ပင်အမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းတွင် ထန်းလျက်ရောစပ်ပြီး နေစဉ်တစ်နေ့ ၂ကြိမ်တိုက်ပါ။ ၄။ ဒဟတ်သကိုင်းအမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းသို့မဟုတ် ဒဟတ်သကိုင်းပြုတ်ရည် ဟင်းစားဇွန်း ၂ ဇွန်း နေ့စဉ်တစ်နေ့ ၂ကြိမ်တိုက်ပါ။ သတိပြုရန် တစ်လတာမျှကုသမှုခံပြီးနောက် အိပ်မပျော်ရောဂါဆက်လက်ဖြစ်ပေါ်ခံစ...

ဖတ်စရာ

မမြင်ရာသည် ဆေးသမား မကြားရာသည် တရားသူကြီး မနှီးနှောရာသည် မင်းလုလင် မတိုင်ပင်ရာသည် ရှေ့နေရှေ့ရပ် မစေအပ်ရာသည် မိန်းမလျာ မလာမသွားရာသည် နတ်စင် မထင်မပေါ်ရာသည် လွှသမား တရားမစောင့်ရာသည် သူမြီးစား မသိုထားရာသည် ကျောင်းဥစ္စာ မပါဝင်ရာသည် ခိုက်ရန်ပွဲ မဆွဲမငင်ရာသည် ရဟန်းပုဏား မပွားမစီးမကြီးရာသည် ကိုယ်ရောဂါ ပညာကိုလိုသော် မပျင်းနှင့် ဥစ္စာကိုလိုသော် မငြင်းနှင့် ဘေးကိုရှောင်သော် ရန်သူအပေါင်းသို့မချဉ်းနှင့် အပျင်းကြီးသော် အဖော်မရ အစားကြီးသော် သူနောက်ကျ၏။ အသွားလျင်သော် အရင်ရောက်၏။ ခရီးလျင်သော် အရင်ရောက်၏။ အစားပုပ်သော် အလုပ်ကြာ၏။ အသွားချုပ်သော် နေ့ရက်ကွာ၏။ အရာမရှိဘဲလျက် ပလွှားသည်။ ဥစ္စာမရှိဘဲလျက် ထောင်လွှားသည်။ ပညာမရှိဘဲလျက် ၀ါကြွားသည်။ ညီညွှတ်သည်မရှိဘဲလျက် စွန့်စားသည်။ ချစ်သူမဟုတ်ဘဲလျက် ကစားသည်။ ခရီးမဟုတ်ဘဲလျက် လာသွားသည်။ အမှုအခင်းမရှိဘဲလျက် ကြွေးမြီးများသည်။ သူ့မယားကိုချစ်သော် ကွမ်းကုန်သည်။ သူ့သားချစ်သော် ပန်းကုန်သည်။ မယားကိုချစ်သော် သူတစ်ပါးနှင့်မယုံသည်။ သားကိုချစ်သော် ပညာဖုန်သည်။ အမတ်ကိုချစ်သော် ကိုယ်လုံသည်။ ဥစ္စာကိုချစ်သော် ပြည့်စုံသည်။ (ပေါက္ကံဆရာချိုစကားပုံ)ဖြစ်ပါသည်။

အချစ်ပို

တစ်ခါတုန်းကရုံးအရမ်းချစ်တဲ့ရုံးစာရေးကြီးတစ်ယောက်ကိုသူ့မိန်းမက ဇနီး “ မောင် ” ခင်ပွန်း “ဟေ” ဇနီး “ ခင်နဲ့ရုံးကိုဘယ်သူ့ကိုပိုချစ်သလဲ ” ခင်ပွန်း “ အတူတူပဲပေါ့အချစ်ရယ် ” ဇနီး “ ဟင့်အင်း ဟင့်အင်း မောင်ပိုချစ်တဲ့တစ်ခုကိုပဲပြော ” ခင်ပွန်း “ ဒါဆို---ရုံးကိုပိုချစ်တယ် ” ဇနီး “ ဟင် --- ဘယ်လို” ခင်ပွန်း “ ဟုတ်တယ်လေ။ မောင်က ရုံးကိုအရင်ရောက်ပြီး နှစ်အတော်ကြာမှ ခင်နဲ့တွေ့တာ ”