အေးရိပ်
တွေးလေလေ ခါခါလွမ်းပါဘိ
မွေးဖေဖေ ဇရာလွမ်းတို့ရဲ့
အညာစခန်းက တမာပင်
ရွာအ၀င် ပင်မန်ကျည်းရယ်နဲ့
လာပါလျှင် အမြင်နီးပေမဲ့
ခရီးတစ်ထောက်နားကာဝင်
သားလာလျှင်
အကြားအမြင်ဝါးဝေလဲ
အားအင်နဲဇရာလက်ရယ်နဲ့
ကျမျက်ရည် ခါခါတို့ပါလို့
ဆို့နင့်နင့် အက်တက်တက်
မထွက်တစ်ထွက် အမေ့သံစဉ်
နားဝင်ကငြိမ့်အေး...
ကလေးအရွယ် ငယ်ငယ်တုန်းကလို
ပြုံးချိုချို မျက်နှာပေးရယ်နဲ့
ထွေးလာတဲ့ အမေ့လက်ပေါ်
မှေးစက်ကာ ပျော်ချင်စမ်းပါဘိ
ပကတိအခြေအနေက
မွေးဖေဖေ ဇရာကျပြီမို့
ဖေးမကာ နှစ်သိမ့်စကားရယ်နဲ့
တရားဘာဝနာ ပွားကြပါဘို့
(အဖေအမေတို့ကိုလေ) နားချမိသေး....
(ကဗျာလေးကိုသဘောကျလို့ပါကူးယူတင်ပြထားခြင်းဖြစ်ပါသည်။)
မွေးဖေဖေ ဇရာလွမ်းတို့ရဲ့
အညာစခန်းက တမာပင်
ရွာအ၀င် ပင်မန်ကျည်းရယ်နဲ့
လာပါလျှင် အမြင်နီးပေမဲ့
ခရီးတစ်ထောက်နားကာဝင်
သားလာလျှင်
အကြားအမြင်ဝါးဝေလဲ
အားအင်နဲဇရာလက်ရယ်နဲ့
ကျမျက်ရည် ခါခါတို့ပါလို့
ဆို့နင့်နင့် အက်တက်တက်
မထွက်တစ်ထွက် အမေ့သံစဉ်
နားဝင်ကငြိမ့်အေး...
ကလေးအရွယ် ငယ်ငယ်တုန်းကလို
ပြုံးချိုချို မျက်နှာပေးရယ်နဲ့
ထွေးလာတဲ့ အမေ့လက်ပေါ်
မှေးစက်ကာ ပျော်ချင်စမ်းပါဘိ
ပကတိအခြေအနေက
မွေးဖေဖေ ဇရာကျပြီမို့
ဖေးမကာ နှစ်သိမ့်စကားရယ်နဲ့
တရားဘာဝနာ ပွားကြပါဘို့
(အဖေအမေတို့ကိုလေ) နားချမိသေး....
(ကဗျာလေးကိုသဘောကျလို့ပါကူးယူတင်ပြထားခြင်းဖြစ်ပါသည်။)
Comments
Post a Comment