သစ္စာအောင်ပွဲ

အမတ်ထိန်၏
တည်ငြိမ်ရဲရင့် ပွဲလယ်တင့်သည့်
မျှော်ချင့်တက်စွာ ညဏ်ပညာကြောင့်
ဟံသာနန်းရှင် သူ့သခင်က

သံလျင်ပိုင်စား ပေးသနားသည်
မြှောက်စားခြေရင်း ခ၀ပ်စင်း
ထီးဆောင်းမင်း၏ ကျွန်တော်ရင်း...
ဗညာဦးမင်း နာဖျားခြင်းကြောင့်
နန်တွင်းခြေနေ ရှုပ်ထွေးပွေခဲ့
နန်းမွေလုဘက် သားသမက်တို့
စောင်မျက်ရန်မူ ဘေးပြွမ်းထူပြီး
လူသူစုဖွဲ့ ဗညားနွဲ့လျှင်
စုန်ခဲ့ဒဂုံ ထောင်ထားတုံသော်
နန်းဘုံရွှေမြို့ မတ်အချို့လည်း
လျှို့ဝှက်ဆက်သွယ်ကြသော်ငြား
အမတ်ထိန်မူ နေနိုင်အား....
ဗညားနွဲ့က အရေးလှပြီး
ရာဇဓိရာဇ် နန်းတက်ဖြစ်သော်
မုန်ယစ်ဆင်ပြောင် တွေ့မရှောင်သို့
ရန်စောင်ခဲ့ဖူး သမိန်မရူးကို
ရှေးဦးကွပ်မျက် တစ်ဖန်ဆက်ပြီး
နန်းတက်ရောက်မှ ဦးနှီမ့်ချဟု
အမတ်တိန်ကို ကွပ်စေဆိုသော်
ရန်ကိုဆိုင်တွေ့ ရွှေခြေင်္သေ့သို့
ရဲပေ့သတ္တိ ပကတိဖြင့်
တင်ဘိသည်လည်း ပြတ်ပြတ်သား
ရာဇ၀င်တွင်မည့် သူစကား
ညီလာသဘင် ဟိန်းထွက်သွား...
“ သတ်လျှင်လည်းသေ ထားလည်းနေအံ့
ရွှေထီးဖြူဆောင်း ပြည့်ဦးခေါင်းသော
ခညောင်းကျိုးနံွံ့ သစ္စာခံ၏
ပုန်ကန်သူအား မခစား
မျက်ထားပြစ်မြင် ကွပ်စီရင်ဟု
နောင်တွင်ပြောထုံး ကျင့်ကြံသုံးက
ပျက်သုဉ်းမနှေး ပြည်ထဲရေးတည့်
တွေးဆကြိမ်ကြိမ် အမတ်တိန်သို့
ညဏ်တိမ်ရူးမိုက် မပြုလိုက်နှင့်
ထိုက်လျောက်စေပါး နေတတ်ငြားက
ကောင်းစားမြင့်တက် မျှော်မှန်းချက်ဖြင့်
သူ့ဘက်ဝင်စား မခက်လား
ထီးဆောင်းမင်းတွင် ခြွေရံပါး
ရဟန်းရှင်လူ သောကပွား”...
အမတ်နှုတ်ရဲ နားဝယ်စွဲလျက်
ရင်ထဲထိရှ မင်းရာဇလည်း
မြဲစွသစ္စာ ရဲဝံ့ပါလျက်
ပညာညဏ်မြော် ကြီးမြင့်သော်ကြောင့်
ပြစ်လျော်ခွင့်လွတ် “မနီရွတ်”ဘွဲ့
ချီးမြှင့်ခဲ့သည်...
ပြဲပြဲထင်ရှား လွန်ကျော်ကြား
နေသို့ထွန်းငြား ပတ္တမြား
အမတ်ထိန်၏ သစ္စာတရား.....
(အမတ်ထိန်မနိရွတ်-ပတ္တမြားရတနာနှင့်တူပြီး နေကဲ့သို့ထွန်းလင်းတောက်ပသော အမတ်)

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ