ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်
အင်းဝခတ်ကလို့ဆိုပါတယ်
အင်းဝဘုရင်က ညီလာခံစုံတဲ့ဗိုလ်ပုံအလယ်မှာ “ မှူးကြီး၊ မတ်ကြီးများလျှာဖျားအရသာခံတဲ့ နေရာမှာ ဘယ်အစားအစာက
အရသာ အထူးကဲအကောင်းမွန်ဆုံးဖြစ်သလဲ” လို့မေးတော်မူသတဲ့။ ၀န်ကြီးတွေ မှူးကြီးမတ်ကြီးတွေလည်း ဘယ်သူကဘာများဖြေမလဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အခါအခွင့်စောင့်နေကြတာပေါ့။
ဝန်ဇင်းမင်းရာဇာက “ မှန်လှပါ ကျွန်တော်မျိုးသိမြင်သမျှလျှောက်တင်ရလျှင် အစားအစာအရသာတကာတို့တွင် အကောင်းဆုံးအရာ သုံးခုရှိပါတယ်ဘုရား။ ယင်းတို့ကား(၁)ဖွတ်ဥ (၂)လိပ်အသည်း (၃)ကျွဲနို့ခဲတို့ပင်ဖြစ်ကြောင်းပါဘုရား” လို့ ရဲ့ရဲ့ဝံ့ဝံ့တိတိကျကျတင်လျှောက်ဖြေကြားသတဲ့။
ဘုရင်ဘာမှမပြော၊ ဆက်လည်းမမေး၊ ဆိတ်ဆိတ်သာနေတော်မူသတဲ့။
ဒီလိုနဲ့ အခြားအကြောင်းအရာတွေပြော၊ ညီလာခံစဲ။ ထိုနေ့ညီလာခံပြီးသွားရောပေါ့။
အချိန်ကာလခြောက်လ၊ တစ်နှစ်ခန့်ကြာသောနေ့တစ်နေ့တွင် အင်းဝပြည့်ရှင်ဘုရင်မင်းကြီးက ဘိုးရာဇာကိုကြည့်ကာ-
“ သူ့ချည်းပဲလား ” တဲ့။ အဆက်အစပ်မရှိ မေးမြန်တော်မူတယ်။
အခြားသော မှူးမတ်ဗိုလ်ပါတို့ ဘာမှန်းမသိ။ ဘာပါလိမ့်။ အရှင်မင်းကြီးက ဘာကိုသိလိုတာပါလိမ့်။ပဟေဌိဖြစ်နေစဉ်၊
ဘိုးရာဇာအမတ်ကြီးက “ မှန်လှပါ ဆားနဲ့ပါဘုရား ” လို့ဖြေကြားလျှောက်တင်လေသတဲ့ဗျာ။
ဟိုးလွန်ခဲ့တဲ့အတိတ်ကာလ ၆လ၊ ၁နှစ်ကြားကမပြီးပြတ်သေးတဲ့ မေးမြန်းစရာဟာမမျှော်လင့်ဘဲ အခုမှလာမေးလိုက်တာကိုး။ အငိုက်ဖမ်းပြီး သတိရှိမရှိ ဘာမေးဦးမလဲပြင်ထားပြီး အသင့်ရှိမရှိ စမ်းသပ်စစ်ဆေးတာကို မမေ့မလျော့ ပြန်ဖြေနိုင်ခဲ့တဲ့ ၀န်ဇင်းမင်းရာဇာ၏ မှတ်ညဏ်ကိုလေးစားသောအားဖြင့် ချစ်နိုင်(စိတ်ပညာ)မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။

Comments
Post a Comment