စောလုံ၊ စောင့်ပါခလှည့်
(နရသီဟပတေ့) ပုဂံရာဇ၀င်မှ ထင်ရှားခဲ့တဲ့နရသီဟပတေ့မင်းရဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ငယ်မည်မင်းခွေးချေး ခေါ်တဲ့နရသီဟပတေ့ဟာ ပုဂံရာဇ၀င်မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ၊ အမျက်စောင်မာန်ကြီခြင်း၊ စည်းစိမ်ယစ်မူးခြင်း၊ အသိညဏ်နည်းခြင်း၊ မဆင်မခြင်အဆောတလျင် ဆုံးဖြတ်အမိန့်ပေးခြင်းစတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည်စုံသူလို့ ဆိုပါသည်။ သူ့လက်ထက်မှာ ထူးထူးခြားခြား (လို့ဆိုရမယ့်)ဖြစ်ရပ်တွေကလည်း အများသား။ မိဖုရားကြီး ဖွားစောဟာ အမြဲတစေအနီးကပ် ထိန်းမတ်နေရတဲ့ ဘုရင်ပါတဲ့။ “ စောလုံ၊ စောင့်ပါခလှည့် ”။ ဒီစကားဖြစ်ပေါ်လာပုံက ဒီလိုပါ။ နွေလရာသီမှာ ရေဖျန်း ကစားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်ကနေမြစ်ဆိပ်အထိ အမိုးအကာအပြည့် တဲတန်းလျားရှည်ကြီးကို ထိုး၊ မြစ်ဆိပ်မှာလည်း မင်းတဲဆောက်စေပြီး ရေကစားလေ့ရှိပါသည်။ မောင်းမမိသံအစုံအလင်နဲ့ပါ။ ဒီပွဲတစ်ပွဲမှာ မိဖုရားစောလုံကို “ မျက်စီ၊ မျက်နှာ၊ ဦးဆံရွှမ်းရွှမ်း စွတ်အောင်ရေပက် ” လို့ မောင်းမငယ်တစ်ဦးထံ ကျိတ်မှာထားပါသည်။ စောလုံဆိုတာက နရသီဟပတေ့ အလွန်မြှောက်စားချစ်ကြည်တဲ့ မိဖုရားငယ်တစ်ဦးပါ။ အချစ်ကြီးသူမို့ ခပ်ကြမ်း ကြမ်းကလေး ကျီစယ်တဲ့သဘောပါ။ မောင်းမမိသံတွေအလယ်မှာ စောလုံဟာ ရေမွန်းပြီးဝူး...





Comments
Post a Comment