Posts

Showing posts from August, 2010

မသိသူ

Image
ကန်ရေပြင်ကနေတိုက်ခတ်လာတဲ့လေက မင်းဘာကောင်လဲလို့မေးသလို သစ်ပင်ပေါ်ကကြွေကျတဲ့သစ်ရွက် မင်းဘာလုပ်မှာလည်းတဲ့ ဘာကောင်မှန်းမသိ ဘာလုပ်ရမလဲမသိတဲ့ငါ့ကို အိပ်တန်းပျံငှက်ပြောသွားတယ် မင်းကအရူးပဲ့တဲ့………

နွံ

Image
အနက်ရောင်မီး အနက်ရောင်ည ကာရန်မဲ့သံစဉ်တချို့ ကဗျာမဲ့မျက်ဝန်းများ (သူတို့မှာ) အိမ်မက်မရှိတော့တာလား မြေပြင်ကောင်းကင် ပန်းပွင့်နှင်းစက် လေပြည်သွေးသစ် (ငါ)ပြောတဲ့ရနှံ့အကြောင်း ပြန်ပြောင်းအောင့်မေ့တတ်ပါ့မလား အနီအ၀ါအပြာတွေနဲ့ ရောင်စဉ်လှိုင်းတွေကြား ပင်လယ်မှာ လမ်းလျှောက်သူများ....... ကဗျာအကြောင်းအက်ဆေး * တောင်သုံးတောင်သို့အ၀င်မှာ ခြင်္သေ့က သမင်မမျက်လုံးကို ပခုံးပေါ် ပစ်တင်လိုက်တယ်.... ဒီကောင် လွမ်းခဲ့ပါတယ် ညီမလေးရယ်.... * ငါ့နှလုံးသားမှာ ပန်းများဝေဖူး ဒီနွေဦးဟာ မင်းခူးယူဖို့ပါပဲ.... * ကန္တာရမဆန်ပါဘူး ငါဒဏ်ရာရခဲ့တာပါ.... ကွဲကြေတဲံ အပြုံးများသာ နောက်ဆုံးကဗျာတစ်ပုဒ် ချစ်သူဖတ်ဖို့ ဟုတ်ပေလိမ့်မယ်......

သို့....ဧရာဝတီ

Image
နှစ်ပါးမိဘ မေခနဲ့မလိခအစပြုလို့ မင်းဘ၀ကိုထုဆစ်ခဲ့တယ်.... စိမ်းညို့ညို့တောင်တန်း မှုန်းမှိုင်းမှိုင်း တောအုပ်တွေကြား အားအင်တွေမွေးလို့ မင်းဘ၀ကို ဖြတ်သန်းခဲ့တယ်....ုမြင့်မားတဲ့ တောင်ကုန်းတွေကနေ နက်ရှိုင်းတဲ့ချောက်ကမ်းပါးတွေဆီ အလီလီကျခဲ့ပေမယ့် မင်းပြန်ထနိုင်ခဲ့တယ်.... အကွေ့အကောက်တွေနဲ့ စိန်ခေါ်မှုတွေကြားမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ မင်းဖြတ်ကျော်နိုင်ခဲ့တယ်... မာန်မာနကို အဖော်ပြုလျက် မိုးစက်တွေနဲ့ ထွေးပွေ့ရင်း လောကဓံကိုလည်း မင်းပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်... အနိမ့်အမြင့် အတက်အကျ အကြမ်းအနု အဖုအထစ်တွေကြားက အကြိမ်ကြိမ်ရုန်းထရင်းနဲ့ မင်းခရီးတွေဆက်နိုင်ခဲ့တယ်..... ဟော....... ရှေ့နားမှာ.. ကြည်လင်နေတဲ့ အရုဏ်ဦးကောင်းကင် ပင်လယ်ပြင် လှိုင်းဖွေးဖွေးကလေးတွေ မင်းကြိုလင့်နေကြပေါ့.... အားတင်းထား...ဧရာဝတီ.....

တန်ဖိုး

Image
မျက်ရည်များနဲ့ နတ်သုဓာတစ်ပွဲဟာ ရိုးသာပြီး အပြစ်မဲ့တဲ့ ထမင်းကြမ်း တစ်ခဲနဲ့ တန်ဖိုးချင်း တူနိုင်ပါ့မလား။ မိုးခါးရေ ငါမသောက်ခဲ့ သိပ်အောက်တဲ့လူ အဲဒီလူဟာ ဒီ ၂၁ ရာစုမှာ အသက်ရှည်ပါ့မလား။ ဒီလူရဲနှလုံးသား ဒိုင်နိုဆောသတ္တ၀ါလို သမိုင်းပြတိုက်မှာ ထားပြီး အံ့ဖွယ်လူသားလို့။ တောင့်တမှုနဲ့ ကိုယ်ကျင့်တရား လွန်ဆွဲတဲ့အခါ အမှန်တရားအတွက် ရာဇ၀င်မှာ စာအသွားခက်မှာမို့ အချစ်ရေ နောင်ဘ၀ကျမှပဲ ဆုံစည်းကြပါစို့။

စိန်ပန်း

Image
ဘုရားမတင် မပန်ဆင်လည်း သူ့တွင်တာဝန်၊ ကျေပွန်စွာဖြင့်ူသာယာလှအောင်၊ သူ့စွမ်းဆောင်၏ တော်ဝင်ပန်းနှယ်၊ မတင့်တယ်လည်း မြေ၀ယ်ကြွေခ၊ သူ့အလှဖြင့် သန္တာအဆင်း၊ ကော်ဇောခင်း၏ ပူရှိန်ပြင်းဒဏ်၊ ခံရပါလည်း အံကိုခဲ၊ မလျှော့လုံလ ကြွေးကြော်ပြသည် ဖြတ်ကြနင်းစမ်း ရဲသည့်ပန်း မြတ်သည့်အကျင့်၊ ရဲ့ရင့်စိတ်ဓါတ် မလျှော့စွမ်းအား၊ လေးစားဖွယ်ရာ မြတ်နိုးပါသည် ရဲရဲပွင့်လန်းအို-စိန်ပန်း..........

မင်းအတွက်

မင်းအတွက် ငါမကြိုက်တဲ့သီချင်းကိုကြိုက်တတ်အောင်ကြိုးစားခဲ့တယ် မင်းအတွက် ငါမကြိုက်အစားအစာကိုကြိုက်အောင်ကြိုးစားခဲ့တယ် မင်းအတွက် ငါကြိုက်တဲ့ကွမ်းယာကိုမကြိုက်အောင်ရှောင်ခဲ့ရတယ် မင်းအတွက် စိတ်ကူးယာဉ်ခဲ့ပေမယ့်ရိုက်ချိုးခံခဲ့ရတယ် မင်းအတွက် မျှော်လင့်ခဲ့ရပေမယ့်ပျက်ဆီးခဲ့ရတယ် အားလုံးကိုမင်းအတွက်ကြိုးစားခဲ့ရပေမယ့် လောင်ကျွမ်းသွားတဲ့ပြာလို လေနဲ့အတူပျောက်ကွယ်သွားတယ် ငါကြိုးစားခဲ့ရတာတွေက ဘာမှအရာမထင်ခဲ့လို့စိတ်မကောင်းပါဘူး ဘာပဲဖြစ်ဖြစ်မင်းကိုတော့ချစ်နေအုန်းမှာပါပဲ

ကောင်းမလေး

ကောင်မလေးအတွက်သီချင်းတစ်ပုဒ် ချစ်သူတစ်ယောက်ကောက်ရခဲ့တယ် လပြည့်ညမှာပေါ့ အိပ်ပျော်နေတဲ့ငါနှလုံးသားကို လမင်းကြီးကိုထကြည့်ဆိုပြီး လာလှုပ်နှိုးသွားတယ် တစ်ကယ်တမ်းထကြည့်တော့ ကောင်မလေးက ငါ့အနားမှာမရှိတော့ဘူး ဘာအတွက်ငါ့ကိုလာလှုပ်နှိုးပြီး ပျောက်ကွယ်သွားရတာလဲ ငြိမ်သက်နေတဲ့ကန်ရေပြင်ကို ခဲနဲ့ပေါက်သလိုလှုပ်ခတ်သွားစေပြီး ငြိမ်သက်အောင်တော့လုပ်မသွားခဲ့ဘူး မင်းအတွက်ကစားစရာအရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမယ့် ငါ့အတွက်တော့ ဘ၀တစ်လုံးပျက်ခဲ့ရတယ်ကောင်မလေးရာ ကျေးဇူးပြုပြီး မင်းရဲ့ကစားစရာအရုပ်တွေထဲမှာ ငါ့ကိုထည့်မထားပါနဲ့ကောင်မလေးရာ ငါတောင်းပန်ပါတယ်……

`ချစ်သူ...´

ပန်းတွေကြွေပြီး အလွမ်းတွေ ဝေနေလည်း မင်းကိုတော့ ချစ်နေဆဲပါ ချစ်သူ... အချိန်တွေ နှစ်၊ လ ကြာပေမယ့် မင်းကိုတော့ သတိရနေဆဲပါ ချစ်သူ... အနမ်းတွေ ပေးချင်နေပေမယ့် ငါ့မှာ ထွေးပိုက်ခွင့်လေးတောင် မရခဲ့ပါဘူး... ငါမင်းကို အပြစ်မပြောရက်ပါဘူး ပြောခွင့်လည်း ရှိခဲ့လို့လား ချစ်သူ... `ငါ့ထက် မင်းကိုပိုချစ်နိုင်တဲ့လူရှိရင် ငါကို စွန့်ခွာသွားနိုင်တယ်´လို့ ပြောခဲ့တာပါ... `ငါ့ထက် ပိုချမ်းသာတဲ့လူ´လို့တော့ မပြောခဲ့ပါဘူး... ဒါပေမဲ့ မင်းရွေးချယ်သွားတာ မင်းအတွက် မှန်တယ်ထင်ရင် ငါ ကျေနပ်စွာနဲ့ ကျောခိုင်းလိုက်ပါ့မယ် ချစ်သူ

`အချစ်(သို့) ရှုံးနိမ့်ခြင်း´

စစ်မရောက်ခင် မြှားကုန်တယ်တဲ့လား ကြားရတဲ့စကား နားခါးလိုက်တာ... ဓါးတစ်စင်းရဲ့ သိက္ခာ၊ လေဟုန်ကိုခွင်း အလင်းကို ၀ါးမြို အားလုံးကို ဖြိုဖျက်ပစ်မယ်၊ ငါကိုယ်တိုင် ကြွေးကြော်လို့ စစ်တုရင် ခုံမှာပြေးလွှား၊ ငါကိုယ်ငါ ဆော့ကစားခဲ့တယ်... မထင်မှတ်တဲ့ တိုက်ကွက်၊ ရိုက်ချက်က ပြင်းလွန်းတယ် အကြည့်တစ်ချက်နဲ့တင်၊ စိတ်ဓါတ်တွေ ယိုင်လဲ ခိုင်မြဲတယ်ဆိုတဲ့ နှလုံးသား၊ ဓါးပါးပါး တစ်လက်နဲ့ အမွန်းခံခဲ့... ပြန်လှည့်ဖို့ စိတ်မကူးပါဘူး၊ မင်းရှေ့မှာ ဒူးထောက် ရူးလောက်တဲ့ အပြုံးတွေကိုတမ်းတ၊ မမှန်းဆချင်တော့တဲ့ ငါ့နိဂုံး အရူးသမားလုံးလုံး ဖြစ်ခဲ့ရတာတောင်၊ အမှောင်ကျနေတဲ့ မင်းနှလုံးသားအတွက် ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်မယ်၊ ယောင်ယမ်းပြီး သတိရမိရင်ပဲ ငါကျေနပ်ပါပြီဟာ.....

လွမ်းစရာ

နွေဦးဆိုတာ လွမ်းမောဖွယ်ရာကြီးတဲ့ ပူမိလျှင်ဖြေနိုင်ခဲတဲ့ လွမ်းပွဲဆင်တဲ့ နွေဦးရယ်တဲ့လေ။ အဲဒီတုန်းက ငါမယုံခဲ့ပါဘူး.. ကိုယ်တွေ့ကြုံမှ ယုံရတော့တယ်.............. -ခြေလှမ်းတစ်ချက် ရှေ့ဆက်ဖို့ ခက်နေချိန်မှာ သူက လည်စင်းပြီး လမ်းခင်းရှာတယ်။ -သွားကြရမယ့် ခရီးမှာ ဖဝါးများစွာ လိုရာရောက်ဖို့ သူ့ဘ၀နဲ့ ပေါင်းကူးပေးတယ်။ -သိမ်မွေ့စွာပဲ လျှောက်လျှောက် ခပ်ဆောင့်ဆောင့်ပဲ နင်းနင်း သူ့ကိုယ်သူ ဖြန့်ခင်းလို့ အပြုံးအပျက် ဝပ်စင်းပေးတယ်။ -သိပ်ဝမ်းနည်းဖို့ ကောင်းတာက သူ့ရင်ဘတ်ပေါ် ဖြတ်လျှောက်လို့ လိုရာခရီး ပေါက်ခဲ့ကြတဲ့အခါ အပြုံးသဲ့သဲ့နဲ့ ခေါင်းတချက်လောက် ငဲ့ပြီးတော့များ အသိအမှတ် ပြုလေမလားလို့ အကြိမ်ကြိမ် မျှော်လင့်မိပေမဲ့ နောက်ခိုင်းထားတဲ့ ကျောပြင်တွေကိုသာ နာကျင်စွာ လက်ခံရမြဲပါလေ။ http://www.ainmat.com/မှကူးယူတင်ပြခြင်းဖြစ်ပါသည်။ (ကြိုက်လို့ပါ)ကူးယူမိတာကိုခွင့်လွတ်ပါခင်ဗျာ....
ချစ်ပါတယ်လို့ပြောတော့အပိုတွေတဲ့ လွမ်းတယ်လို့ပြောတော့မယုံဘူးတဲ့ သတိရတယ်လို့ပြောတော့လည်းမဖြစ်နိုင်ဘူးတဲ့ အရာရာထက်ဦးစားပေးတယ်လို့ပြောတော့လည်း လျောက်ပြောနေတယ်တဲ့ ဖြစ်ချင်တာကိုလုပ်ပေးချင်တယ်ပြောတော့လည်း အလကားတွေပါတဲ့ ငါဘာပြောပြောမင်းကမယုံတော့ ငါပြောသမျှအတွက် ငါကိုယ်ငါတောင်ရှက်မိတယ် အယုံအကြည်မရှိပဲနဲ့ မင်းနဲ့ငါကချစ်သူဖြစ်နေသေးတယ်နော်..........

တောင်ပံ

တောင်ပံတစ်ခုက မျှော်လွင့်နေတဲ့ငါ့ကို အဝေးကိုရောက်အောင်ပို့ဆောင်သွားတယ် ငှက်ကလေးတွေနဲ့အတူ လေဟုတ်စီးနေရင်းက ငါ့ကိုဘာသတ္တ၀ါလည်းလို့မေးသွားတယ် မသိဘူးလို့ဖြေလိုက်တဲ့အချိန်မှာ ငါကိုဝိုင်းတိုက်ခိုက်တော့တာပဲ ဘယ်သူဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ် လွတ်လပ်စွာသွားပိုင်ခွင့်မရှိဘူးလား လွတ်လပ်စွာပျံသန်းနိုင်ခွင့်ကောမရှိဘူးလား နင်ဘယ်သူလဲငါဘယ်သူလဲဆိုတာ ဘိုဘိုဟန်သီချင်းထဲမှာပဲရှိတယ်ထင်တာ အခုတော့ဗျာ................

ဟိုတစ်စဒီတစ်စ

အဝေးရောက်နေပေမယ့် ငါစိတ်ထဲမှာမင်းကနီးနီးလေးပါ တစ်မြေစီမှာရှိပေမယ့် ငါစိတ်ထဲမှာမင်းကတစ်မြို့ထဲပါ အနေဝေးပြီးသွေးအေးသွားတဲ့မင်းကို အချိန်တိုင်းသတိရနေမိတယ် တစ်ပါးသူရဲ့ရင်ခွင်မှာ မင်းရှိနေပေမယ့် ပြန်လာမယ်ဆိုရင်ကြိုဆိုနေမှာပါ မင်းအတွက်တစ်နေရာမကချန်ထားလို့ ပြန်လာပါလို့....................

ချစ်သူသစ္စာ

သစ်ရွက်ကြွေ နွေ တစ်ကြော့ ရောက်ခဲ့ပေါ ချိန်ရာသီ ကျေးငှက်ကမြည် ဖြန်းပက်တဲ့ ငွေနှင်းရည် သွေဖည်ခဲ့ နယ်တစ်ဝှမ်း အလွမ်းအရပ်သို့ သည်မောင်ချီ တူပျော်ကြည် နေလိုလျက်ကယ်နှင့် ချစ်သူအတွက်မို့လှမ်း လွမ်းလို့တော့မနေနိုင် သူ့အကျိုးနှင့်ဆိုင် မွေးရပ်မြေက ချစ်သူရယ် ကြံ့ခိုင်တဲ့ ဖြူစိတ်ထား တစ်မြေဆီ ခြားပေမယ့် မင်းအတွက်ပေမို့ဒုက္ခတွေရင်ဝယ်ပိုက်ပြီး ပြန်လာမယ့်အချိန်ကို မျှော်နေပါချစ်သူရယ်........

မိတ်ဆွေကို ပြဆိုသောအပိုင်း

ရန်သူကိုမကျွမ်းမ၀င်ရာ မိတ်ဆွေကိုလည်း အလွန်အမင်းအကျွမ်းမ၀င်ရာ တစ်ခါတစ်ရံမိတ်ဆွေသည်ပင် အမျက်ထွက်လတ်သော် အပြစ်အားလုံးကိုထုတ်ဖော်ပြတတ်သည်။ တစ်ကြိမ်အမျက်ထွက်ဖူးသောမိတ်ဆွေကို တစ်ဖန်ပြန်လည်စေ့စပ်လိုသောသူသည် ကိုယ်ဝန်ကိုယူသောအသာထိုရ်မြင်းမကဲ့သို့ သေမင်းကိုယူသည်မည်၏ မိတ်ဆွေကို ပြဆိုသောအပိုင်း မျက်နှာက ပဒုမ္မာကြာကဲ့သို့အေးမြ၏ ပြောဆိုသောစကားက စန္ဒကူးနံ့သာကဲ့သို့အေးမြ၏ စိတ်နှလုံးမှာမူ လျင်စွာသေစေတတ်သော အဆိပ်နှင့်တူ၏ ထိုကဲ့သို့သဘောထားရှိသူမျိုးကို မပေါင်းသင်းရာ မိတ်ဆွေကိုပြသောအပိုင်း ဦးချိုရှိသောသတ္တ၀ါကို အတောင်ငါးဆယ်ဝေးသောအရပ်မှ ရှောင်ရှားရာ၏ မြင်းကိုအတောင်တစ်ရာဝေးသောအရပ်မှ ရှောင်ကြဉ်ရာ၏ ဆင်ကိုအတောင်တစ်ထောင်ဝေးသော အရပ်မှရှေင်ကြဉ်ရာ၏ မကောင်းသောသူကို အရပ်ဒေသစွန့်ခွါသဖြင့် ရှောင်ကြဉ်ရာ၏

မျှော်လင့်ခြင်း

မျှော်လင့်ခြင်းများစွာနဲ့စိတ်ကူးယဉ်ခဲ့တယ် ပျော်ရွှင်မှုများစွာနဲ့ အိမ်မက်တွေမက်ခဲ့တယ် လိုခြင်တက်မက်မှုနဲ့ တမ်းတခဲ့တယ် ဒါပေမယ့် ရိုက်ချိုးခံခဲ့ရတဲ့ မျှော်လင့်ချက် မျှောလင့်သွားတဲ့ အိမ်မက်တွေ ပျောက်ရှသွားတဲ့ တမ်းတမှုတွေက ငါရရှိခဲ့တဲ့ဒဏ်ရာတွေလား ချစ်သူရာ....

ငြိမ့်..ငြိမ်...ငြိမ်း

- ငြိမ့်ငြိမ့်ကလေး ငြိမ်နေရင်လည်း..ငြိမ်းချမ်းတယ်..။ - ငြိမ်ငြိမ်ကလေး...ငြိမ့်နေရင်လည်း... ငြိမ်းချမ်းတယ်..။ - ငြိမ်းချမ်းချင်ရင်.. ငြိမ်ငြိမ်ကလေးငြိမ့်ပြီး... ငြိမ့်ငြိမ့်ကလေးငြိမ်နေ...။ - သုံးခွန်းတည်းသောစကားပါ။ ငြိမ့်... ငြိမ်... ငြိမ်း... ဦးကောဝိဒ (၀စီပိတ်ဆရာတော် ) ငြိမ့်ငြိမ်ငြိမ်း မှကူးယူတင်ပြခြင်းဖြစ်ပါသည်...။

တရားသူကြီး

ဖတ်ခဲ့ဖူးတဲ့ ဇတ်လမ်းတိုလေးတစ်ပုဒ်ပါ... ၁၉၀၀ နောက်ပိုင်းအမေရိကန်မှာ တကယ်ဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးတစ်ပုဒ်..ကပ်ရောဂါကျနေချိန်၊ ငတ်မွတ်ဘေးကျရောက်နေချိန်၊ ငတ်မွတ်လို့သေဆုံးတဲ့လူအများကြီး ဖြစ်နေချိန်.. သုညဒီဂရီအောက်အအေးလွန်နေ့တစ်နေ့မှာ..တရားရုံးတော်မှာ အဘွားအိုတစ်ယောက်ရဲ `ပေါင်မုန့်ခိုးမှု ´ ကိုကြားနာ စစ်ဆေးနေချိန်ဖြစ်တယ်..ပေါင်မုန့်ဆိုင်ရှင်တရားလိုက လျှောက်လဲပြီးတဲ့နောက် ပေါင်မုန့်ခိုးတဲ့အဘွားအိုကိုစစ်ဆေးတယ်.... အဘွားအိုက..`သူရဲ့သမီးဟာအရမ်းကိုဖျားနေတယ်..သူရဲ့မြေမလေးဟာငတ်ပြတ်ခြင်းနဲ့ သေရတော့မယ်..ဘာလို့လဲဆိုတော့ သူ့ရဲ့သားသမက်ဟာ သူတို့အားလုံးကို စွန့်ပြီးထွက်သွားလို့´ ပြောတယ်။ ဒါပေမယ့်ပေါင်မုန့်ပိုင်ရှင်က ..`နောက်နောင်ဒီလိုမဖြစ်အောင် စံနမူနာအဖြစ် အဘွားအကို အပြစ်ပေးကိုပေးမှဖြစ်မယ် ´ လို့လျှောက်လဲတယ်..။ တရားသူကြီးဟာ သက်ပြင်းရှည်တစ်ချက်ကိုချလိုက်တယ်..။ဒီအဘွားအိုကို သူ့စိရင်ချက်အပြစ်မချချင်ဘူး..ဒါပေမယ့် တရားဥပဒေနဲ့ပတ်သက်လာရင် သူ့မှာရွေးချယ်စရာလမ်းမရှိဘူး...ဒီတော့တရားသူကြီးကပြောတယ်...`ကျွန်တော် ဒီအမှုနဲ့ပတ်သက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိပါတယ်... ဒါပေမယ့် ကျွန်တော်ဒိအမှုကိုရှေင်လွဲလို့မရပါဘူး...

မရှိ(သို့)အရူးများသာရှိသည့်

- ဤလောက၌အိမ်မရှင်မရှိ.. အရင်သွားနှင့်သူနှင့် နောက်လိုက်သူသာရှိသည်.. - ဤလောက၌ သချာင်္မရှိ.. သုညမှလာ၍ သုညသို့ပြန်ခြင်းသာရှိသည်...။ - ဤလောက၌ ပိုင်စရာဥစ္စာမရှိ ဓါတ်ကြီးလေးပါးမှလာ၍ ဓါတ်ကြီးလေးပါးသို့.. ပြန်ခြင်းသာရှိသည်.. - ဤလောက၌ အချိန်သည်မရှိ စကြာဝဌာအနန္တ ကာလအနန္တ.. လူတွေအဟုတ်ထင်မှတ်၍ သတ်မှတ်ထားသော နာရီသာရှိသည်... - ဤလောက၌ ဇတ်လမ်းမရှိ ဖြစ် တည် ပျက် ပုံရိပ်များနှင့် ထိုပုံရိပ်များကို လိုက်ဖမ်းသော.. အရူးများသာရှိသည်...။

ဘ၀ဆိုတာဘာလဲ

ရာသီဥတုသာယာတဲ့ နွေရာသီရဲ့ နေ့တစ်နေ့ကြီးမားတဲ့ တောကြီးတစ်ခုထဲမှာ သတ္တ၀ါတွေဟာ ငြိမ်ငြိမ်သက်သက်အနား ယူနေကြသတဲ့။ အဲဒီအချိန်မှာ ငှက်ကလေးတစ်ကောင်က ` ဘ၀ဆိုတာဘာလဲ ´ ဆိုတဲ့မေးခွန်းကို သီချင်းလုပ်ပြီး တွန်ကျူးနေသတဲ့..။ အဲဒီအချိန်မှာ အပွင့်ထဲကဖူးပွင့်ခါစ ရနံ့သင်းတဲ့နှင်းဆီနီလေးတစ်ပွင့်က ` ဘ၀ဆိုတာ ပြောင်းလဲခြင်းသဘာဝ တရာကြီးပေါ့ ´ လို့ဖြေသတဲ့..။ ပန်းတွေကြားထဲမှာ ပျော်မြူးစွာပျံသန်းနေတဲ့ လိပ်ပြာလေးတစ်ကောင်က ထပ်ဆင့်ပြန်ဖြေတယ် ` ဘ၀ဆိုတာ နေရောင်အောက်က အလှတရားတွေနဲ့ တစ်သားတည်းဖြစ်အောင်နေထိုင်ခြင်းပေါ့တဲ့ ´ ..။ မြေပြင်ပေါ်က စားစရာအစလေးတွေကို ရှာနေတဲ့ပုရွက်ဆိတ်တစ်ကောင်က သူခန္ဓာထက်(၁၀)ဆလောက်ရှိစားစရာကိုထမ်းရင်း ` ဘ၀ဆိုတာ ချွေးတွေသွေးတွေနဲ့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရတာကလွဲလို့ ဘာမှအဓိပ္ပါယ်မရှိပါဘူး ´ လို့ပြောတယ်တဲ့...။ အဖြေတွေဟာ တဖြည်းဖြည်းနဲ့တင်းမာလာတယ်..။ ကံကောင်းလို့မိုးကရွာချလိုက်ရင်း..မိုးကပြောတယ်` ဘ၀ဆိုတာ မျက်ရည်စက်များရဲ့ ပေါင်းစည်းခြင်းမျက်ရည်မိုးစက်တွေကလွဲလို့ ဘာမှမရှိပါဘူး´ ပြောသတဲ့...။ အဲဒီတောကြီးရဲ အမြင့်တစ်နေရာမှာ သိမ်းငှက်တစ်ကောင်က ပျံသန်းနေရင်းနဲ့ပြောတယ်တဲ့`ဘ၀ဆိုတာ အမြင့်ကို ...

လောကနှင့်သင်

-တစ်လောကလုံး.. မင်းကိုပြုံးပြနေမယ်လို့ မမျှော်လင့်နဲ့ သူ့အပူနဲ့သူ... မင်းကတော့.. ခေါင်းငုံ့ရင်းလည်းပြုံး အမုန်းတွေ ချည်နှောင်မထားနဲ့ အထုံးတွေဖြေ...။ တစ်လောကလုံး မင်းကိုချစ်လာဖို့ဆိုတာမဖြစ်နိုင် မေတ္တာသာလှိုင်လှိုင်လေးပို့ သန်းခေါင်ညမှာရော တောင်ထိပ်က အရုဏ်ဦးမှာရော အရူးလိုပဲ ပြောပြော လူထူးလို့ပဲ ပြောပြော မင်းသိထားရမှာက သူ့အပူနဲ့သူ.....။ မင်းဘယ်သူလဲ ရှင်မြဲတိုင်းဆက်ရှင် ပေးဆပ်ခြင်းလွင်ပြင်မှာလေ..။ သူ့အတွေးနဲ့သူ့အတ္တနဲ့ သူ့မာနနဲ့ သူ့အပူနဲ့ သူကြီပြင်းရှင်သန်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့ မင်းနဲ့တော့မတူနိုင် လောကနဲ့သင် သင်နဲ့လောက ညှိုဖိ့ကတော့မဖြစ်နိုင် မေတ္တာသာလှိုင်လှိုင်ပို့....။

လမ်းဘေးက သစ်ပင်အို

-ငါဟာလမ်းဘေးက သစ်ပင်အိုလေ မင်းတို့က ခရီးသွား တစ်ခါတုန်းက... မင်းတို့ငါ့အရိပ်မှာ လာခိုနားတော့ ငါကြည့်နူးလိုက်တာ.... -ပူတစ်လှည့် နွေးတစ်လှည့် အေးတစ်လှည့်..နေ့ရက်တွေကိုဖြတ်သန်းရင်း အချိန်တန်တော့... မင်းတို့လမ်း.. မင်းတို့ဆက်လျှောက်သွားကြတယ်... ဟုတ်ပါတယ်လေ... ငါဟာ..လမ်းဘေးကသစ်ပင်အိုပါ...။ - ကံကောင်းပါစေ...ခရီးသွား တစ်ခါတစ်လေလည်း..တို့ကိုသတိရနော်.. ငါလေ... လမ်းဘေးကသစ်ခြောက်ပင်ကြီးဖြစ်သည့်တိုင်... မင်းတို့အတွက်.. မေတ္တာပို့ရင်းရှင်သန်နေပါ့မယ်...။ -ကံကောင်းပါစေ...ခရီးသွား... ကံကောင်းပါစေ...ခရီးသွား...။

ကိုယ့်အတတ်နဲ့ကိုယ့်စူး၊ ကိုယ်ပါအရူးဖြစ်စေသတည်း

တာနိုပေါဆိုသည့်မြို့တွင် ရက်ဖ်ဖိုင်ဗယ်ဆိုသည့် ပုဂ္ဂိုလ်တစ်ယောက်နေထိုင်၏ ။ တစ်ရက်တွင် သူသည် ဂျူးလိုမျိုးတို့၏ရှေးဟောင်းဓလေ့ကျမ်းများကို စိတ်ပါဝင်စားစွာဖတ်ရှုနေခိုက် အပြင်ဘက်မှကျလောင်သော အသံတစ်သံကိုကြားလိုက်ရလေ၏။ ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်ရာ နောက်ပြောင်လေ့ရှိသည့်ကလေးတစ်သိုက်ကိုတွေ့လိုက်ရလေ၏။ “ ဒီကလေးတွေဟာ ငါ့ကိုတစ်နည်းနည်းနဲ့ ဒုက္ခပေးကြတော့မှာပဲ ” ဟုတွေးလိုက်မိလေ၏။ သူကပြတင်းပေါက်မှကိုယ်ကိုကိုင်းပြီးထွက်လိုက်ကာ “ ဟေ့...ကလေးတွေ၊ ဘုရှားရှိခိုးကျောင်းဆီကိုခပ်မြန်မြန်ပြေးကြစမ်း။ အဲဒီသတ္တ၀ါကြီးတစ်ကောက်ရောက်နေတယ်။ အဲဒီသတ္တ၀ါကြီးမှာ ခြေထောက်ငါးချောင်း၊ မျက်စိသုံးလုံးနဲ့ အစိမ်းရောင်မုတ်ဆိတ်မွေးတွေရှိနေတယ်ကွ” ဟုအော်ပြောလိုက်လေ၏။ ထိုတွင်ကလေးများသည် အပြေးအလွှားထွက်ပြေးကြသဖြင့် ရက်စ်ဖိုင်ဗယ်သည် စိတ်အေးချမ်းသာစွာနှင့် ၄င်းစာအုပ်ကိုပြန်ဖတ်နိုင်ခဲ့လေသည်။ သူကထိုလူနောက်ကလေးများအပေါ်တွင် လှည့်စားနိုင်သည့်လှည့်ကွက်ကိုပြန်တွေးမိပြီး ပြုံးလိုက်မိလေ၏ သူ့အနေနှင့် ကြာကြာစာမဖတ်လိုက်ရပါ။ မကြာခင်ပြေးလွှားနေကြသည့် ခြေသံများကိုကြားလိုက်ရပြန်သည်။ သူကပြင်တင်းပေါက်သို့သွားပြီးကြည့်လိုက်ရာ ဂျူးလူမျိုးအမျာ...

ရာဇ၀င်တွင်လောက်သောအချစ်များ

ရာဇ၀င်တွင်လောက်သော အချစ်များအကြောင်း ကျွန်တော်တို့ဖတ်ကြရသည်။ ဟယ်လင်ကို ချစ်သည့် အတွက်မိမိတိုင်းပြည်တစ်ပြည်လုံးကို မီးဟုန်းဟုန်းအတောက်ခံသည့် ထရွိုင်မြို့သား ပဲရစ်၏အချစ်၊ မတ်ခ်အန်ထနီ သေပြီထင်၍မြွေပခြုပ်ထဲလက်ထည့်ကာ အသေခံသည့်ကလီးယိုပါးထရာ၏အချစ်၊ မဏိစန္ဒာကို ချစ်သည့်စိတ်အတွက်လက်ပြန်ကြိုးအတုပ်ခံကာ အရိန္ဒမာလှံနှင့်အထိုးခံသည့် ကျန်စစ်သား၏အချစ်..စသည့် ရာဇ၀င်တွင်လောက်သောအချစ်များအကြောင်း ဖြစ်ပါသည်။ သို့ရာတွင်ဤနေရာတွင်တင်ပြမည့် အချစ်သည် ထိုအချစ်များကဲ့သို့ ပြင်းပြစူးရှသည့်ရမ္မက်ဇောပြင်းထန်သော အချစ်မျိုးမဟုတ်ဘဲ ကြားနရသူများစိတ်နှလုံး ညွှတ်နူးဖွယ်ကောင်းလောက်အောင် ချစ်ကြင်နာသော တဏှာပေမကင်းသည့်အချစ်မျိုးဖြစ်ရာ တစ်ပုဒ်ကသားအဖ အချစ်ဖြစ်ပြီး၊ နောက်တပုဒ်ကညီအစ်ကိုအချစ်ဖြစ်ကာ နောက်ဆုံးတစ်ပုဒ်က သခင်နှင့် ကျွန်အချစ်ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် ကြီးကျယ်ထင်ရှားသောပုဂံပြည်ကြီးပျက်သုန်းပြီးနောက် ပင်းယမင်းဆက်ကို စတင်တည်ထောင်သော တစ်စီးရှင် သီဟသူမင်းကြီးအကြောင်းကြားဖူးသူများပါသည်။ သို့ရာတွင် သီဟသူမင်းကြီးက သားအပေါ်ထားရှိသော ချစ်ချင်းမေတ္တာ၏အတိုင်းအရှည် ပမာဏကိုကားကျကျနန ကြားဖူးကောင်းမှကြာဖူးပေလိမ့်မည်။ သီဟသ...

အထွေထွေ

အချိန်နှင့်နယူတန် သာမန်လူများအတွက်ရယ်စရာတစ်ခုဟုဆိုနိုင်မယ့် မေးခွန်းတစ်ရပ်သည် ရူပဗေဒ ပညာရှင်ကြီးများကို ခေါင်းကိုစေလျက် ရှိပါသည်။ ထိုမေးခွန်းကား အခြားမဟုတ်ပါ။ ` အချိန်သည် နောက်ပြန်သွားနိုင်သလား ´ ဆိုတေသာမေးခွန်းဖြစ်ပါသည်။ နောက်ဆုံးပေါ်ခေတ်မီလှပါသည်ဆိုသော သိပ္ပံပညာသည်ဤမျှရိုးရှင်းသည်ဟု ယူဆရန်ရှိသော အချိန်၏` တစ်လမ်းသွားဖြစ်မှု ´ ကိုခိုင်လုံသော သီအိုရီဖြင့်သက်သေမပြနိုင်သေးပေ။ ` ဘာကြောင့် အချိန်သည် နောက်ပြန်မသွားနိုင်သလဲ ´ ဆိုသော ပြသနာသည်လွန်ခဲ့သောနှစ်(၃၁၀)က စတင်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်(၃၁၀)က အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီး ` ဆာအိုင်ဖက် နယူတန် ´ သည် သူ၏ကမ္ဘာကျော် ` ပရင်စီပီယာ ´ ကျမ်းကြီးကိုထုတ်ဝေခဲ့ပါသည်။ ဤကျမ်းကြီး ပေါ်ပေါက်ခဲ့သည်မှစ၍ လူ့ယဉ်ကျေးမှု သမိုင်းသည် တဟုန်တိုးပြောင်းလဲတိုးတက်လာခဲ့သည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ မျက်မှောက်ခတ် သုံးစွဲနေသောမော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံမှအစ ယနေ့ခတ်ထိတိုးတက်နေသော သိပ္ပံပညာရပ်များသည် နယူတန်တီထွင်ခဲ့သည့် မက္ကင်းနစ်ပညာ၏ကျေးဇူးနှင့်မကင်းပါ။ နယူတန်၏ မက္ကင်းနစ် သဘောတရားသည် အမြောက်ကျည်ဆံ၏ပျံသန်းမှုလမ်းကြောင်းမှအစ ကမ္ဘာနှင့်တကွ ဂြိုလ်များ၏နေပတ် လမ်းကြောင်း...

စောလုံ၊ စောင့်ပါခလှည့်

(နရသီဟပတေ့) ပုဂံရာဇ၀င်မှ ထင်ရှားခဲ့တဲ့နရသီဟပတေ့မင်းရဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ငယ်မည်မင်းခွေးချေး ခေါ်တဲ့နရသီဟပတေ့ဟာ ပုဂံရာဇ၀င်မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ၊ အမျက်စောင်မာန်ကြီခြင်း၊ စည်းစိမ်ယစ်မူးခြင်း၊ အသိညဏ်နည်းခြင်း၊ မဆင်မခြင်အဆောတလျင် ဆုံးဖြတ်အမိန့်ပေးခြင်းစတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည်စုံသူလို့ ဆိုပါသည်။ သူ့လက်ထက်မှာ ထူးထူးခြားခြား (လို့ဆိုရမယ့်)ဖြစ်ရပ်တွေကလည်း အများသား။ မိဖုရားကြီး ဖွားစောဟာ အမြဲတစေအနီးကပ် ထိန်းမတ်နေရတဲ့ ဘုရင်ပါတဲ့။ “ စောလုံ၊ စောင့်ပါခလှည့် ”။ ဒီစကားဖြစ်ပေါ်လာပုံက ဒီလိုပါ။ နွေလရာသီမှာ ရေဖျန်း ကစားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်ကနေမြစ်ဆိပ်အထိ အမိုးအကာအပြည့် တဲတန်းလျားရှည်ကြီးကို ထိုး၊ မြစ်ဆိပ်မှာလည်း မင်းတဲဆောက်စေပြီး ရေကစားလေ့ရှိပါသည်။ မောင်းမမိသံအစုံအလင်နဲ့ပါ။ ဒီပွဲတစ်ပွဲမှာ မိဖုရားစောလုံကို “ မျက်စီ၊ မျက်နှာ၊ ဦးဆံရွှမ်းရွှမ်း စွတ်အောင်ရေပက် ” လို့ မောင်းမငယ်တစ်ဦးထံ ကျိတ်မှာထားပါသည်။ စောလုံဆိုတာက နရသီဟပတေ့ အလွန်မြှောက်စားချစ်ကြည်တဲ့ မိဖုရားငယ်တစ်ဦးပါ။ အချစ်ကြီးသူမို့ ခပ်ကြမ်း ကြမ်းကလေး ကျီစယ်တဲ့သဘောပါ။ မောင်းမမိသံတွေအလယ်မှာ စောလုံဟာ ရေမွန်းပြီးဝူး...

သား၏အဖြေ

နားရောဂါကုသဆောင်တွင် တာဝန်ထမ်းဆောင်နေသူ ဖခင်ဖြစ်သူက သားငယ်၏ရည်မှန်းချက်ကို သိလိုသဖြင့်.... ဖခင် “ သားကြီးလာရင် ဘာလုပ်မလဲ ” သား “ ဆရာဝန်ကြီးလုပ်မှာပေါ့ ” ဖခင် “ ဒါမှငါ့သားကွ၊ ဖအေတူသား ” သား “ ဒါပေမယ့် ဖေဖေ့လိုတော့နားရောဂါကုဆရာဝန်မလုပ်ဘူး။ သွားရောဂါကုဆရာဝန်ပဲလုပ်မယ် ” ဖခင် “ ဟေ ဘာဖြစ်လို့လဲ ” သား “ သွားက သုံးဆယ်နှစ်ချောင်းတောင် နားကနှစ်ဖက်တည်း ”

လက်ကွက်မြန်သူ

တစ်ခါကကွန်ပျူတာကိုသင်တန်းတက်နေတဲ့သူငယ်ချင်းနှစ်ယောက်စကားပြောနေကြတယ်.. ပထမသင်တန်းသားက “ မင်းဘေးနားကကောင် ကွန်ပျူတာလက်ကွက်တော်တော်မြန်တယ်ဆို... ဒုတိယသင်တန်းသားက “ မြန်သလားတော့မမေးနဲ့ Keyboard ပေါ်တစ်ချက်ရိုက်ရင် အက္ခရာငါလုံးောက်ထွက်တယ်။ ပထမသင်တန်းသားက “ တယ်ဟုတ်ပါလားကွ ” ဒုတိယသင်တန်းသားက “ ဒါပေမယ့်တစ်ချက်ရိုက်ပြီးတိုင်း BackSpace ကို(၄)ချက်လောက်ပြန်နှိပ်ရတယ်လေ”ဟုဆက်ပြောလိုက်လေသည်။

အမြင်မှန်

ကျောင်းသားနှစ်ယောက် လေယာဉ်ပျံဖြတ်သွားတာကိုကြည့်ရင်း စကားပြောနေကြတယ် ပထမကျောင်းသားက “ ဒီလောက်လေးတဲ့သံတုံး၊ သံခဲတွေကို မိုးပေါ်ပျံအောင်တီထွင်နိုင်တဲ့ သူတွေကိုငါတော့ချီးကျူးတယ်။ အံ့လည်းအံ့သြတယ်ကွာ...” ဒုတိယကျောင်းသားက “ ဘာအံ့သြစရာရှိလဲကွာ စက်ရုံတည်ပြီးလူအများကြီးနဲ့တည်ဆောက်ခဲ့တာပဲ။ ငါအံ့သြတာက လေယာဉ်မှူးတွေပဲ။ သူတို့မှာ ဘာမှမပါဘဲလေယာဉ်တစ်စီးလုံးကို မိုးပေါ်ဆွဲတင်သွားတာ....”

မြကန်

ကျောင်တစ်ကျောင်းတွင်ဖြစ်သည်။ သင်တန်းနည်းပြဆရာသည် ကျန်စစ်သားမင်းကြီး၏ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကိုစိတ်ပါလက်ပါပြောကြားနေသည်။ ပြည်သူများအတွက် ဆည်မြောင်းတာတမံများတူးဖော်ရာတွင် မြကန် အကြောင်းကို အထူးပြုပြောကြားသည်။ ထိုအချိန်တွင် သင်တန်းသားတစ်ဦးအိပ်ငိုက်နေသည်ကိုမြင်သွားသဖြင့် နည်းပြဆရာက သင်တန်းသား ထစမ်း မြကန်ကိုဘယ်သူတူးတာလဲ ဟုမေးတော့ သင်တန်းသားက ဟို..ဟို.. ရွာသားတွေပါဆရာ လို့ဖြေလိုက်လေသည်။

ရေသွားဆေးလိုက်ပါ့မယ်

ရုံးတစ်ရုံးတွင်ဖြစ်သည်။ ကဗျာယောင်ယောင် စာယောင်ယောင် ၀ါသနာထုံလေသော ရုံးစားရေးကြီးတစ်ဦးရှိလေသည်။ တစ်နေ့တွင် သူရုံးမှ တာဝန်ထမ်းဆောင်နေသော ရုံးအကူနှစ်ယောက်ကို ထိုသို့မေးလေသည်- ရုံးအုပ်။ နိုင်ဦးတပည့် ငါရေးထားတဲ့ကဗျာကိုဖတ်ပြီးမင်းရဲ့ အမြင်နဲ့ခံစားရမှုကိုပြောပါအုံး နိုင်ဦး။ ကျွန်တော်ဖတ်ကြည့်တာ ဘာမှနားမလည်ဘူး ဆရာရ ရုံးစာရေး။ မင်းကအနုပညာနဲ့ အတော်အလှမ်းဝေးတာပဲ။ သွား..ရုံးအိမ်သာကို ရေသွားဆေး။ ထွန်းနိုင်မင်းဖတ်ပြီးရင် မင်းအမြင်ကိုပြောပြစမ်းကွာ ထွန်းနိုင်။ ရုံးအိမ်သာကိုပဲရေသွားဆေးလိုက်ပါတော့မယ်ဆရာရေ ရုံးစာရေး။ ဟေ.........

အချစ်ပြသာနာ

ကျောင်းသားနှစ်ဦးသည် အချစ်အကြောင်းကို ကျောင်းသွားရင်းနဲ့ဆွေးနွေးနေကြတယ် ပထမကျောင်းသားက။ ချစ်ဆိုတာ ဘယ်လိုသဘောလဲမင်းသိလား ဒုတိယကျောင်းသားက။ အချစ်ဆိုတာ ခိုးသောက်လေ့သောက်ထရှိတဲ့ ဘီအီးလိုပဲကွ။ ပထမတစ်ခွက်သာနံသလိုရှိပြီး အ၀င်ဆိုးပေမယ့် နောက်တစ်ခွက်ကတော့ သောက်ရင်းအရှိန်ရသွားတာပေါ့ကွာ။ အဲသလိုပါပဲ ဟုဖြေလိုက်လေသည်။

အငှားသန်သူ

ရွာတစ်ရွာတွင် သူတစ်ပါးအသုံးအဆောင်ကိုငှားရမ်းသုံးစွဲရမှ ကျေနပ်သူရွာသားတစ်ဦးရှိလေသည်။ ၄င်းသည် အငှားအရမ်းသန်ရုံ သာမက(ငါးမရက ရေချိုးပြန်မည်)ဟူသော စိတ်ဓါတ်ရှိသူဖြစ်သည်။ တစ်နေ့တွင် ထိုရွာသားသည် အိမ်နီးချင်းမိတ်ဆွေတစ်ဦးထံ စက်ဘီးသွားငှားလေသည်။ အိမ်နီးချင်းမိတ်ဆွေကလည်း အငှားရမ်းထူသူကို မပေးချင်သဖြင့် စက်ဘီးကို လေလျှော့ထားလိုက်ပြီး--- `` အေးဗျာ။ ခင်ဗျားငှားမှပဲ စက်ဘီးလေလျော့နေတယ်။ ကျုပ်ကငှားချင်ပေမယ့် စီးလို့ရမှာမဟုတ်တော့ဘူး `` ထိုအခါ အငှားအရမ်းထူသူရွာသားက ထိုသို့ပြန်ပြောလိုက်လေသည်။ `` လေလျော့နေလည်းအကြောင်းမဟုတ်ပါဘူး၊ ကျွန်တော်ကိုယ့်ဖော့ပြီးစီးသွားပါ့မယ် `` ဟူသတည်း။ (ရယ်မောရင်းနဲ့အပျင်းပြေပါစေ)

အလုပ်အချိန်ရှည်ကြာပါသလား

အလုပ်လျှောက်ထားသူလူငယ်ကပြောလိုက်၏။ “ ကျွန်တော်အလုပ်ကိုလက်မခံမီမေးစရာ မေးခွန်းတစ်ခုရှိပါတယ်။ အလုပ်ချိန်နာရီက ရှည်ကြာပါသလား ” အလုပ်ရှင်ကပြန်ဖြေလိုက်၏။ “ အင်း၊ ကျုပ်တို့ကတော့ တစ်နာရီမှာ မိနစ် (၆၀)ထက်ပိုကြာမသွားအောင် အတတ်နိုင်ဆုံးကြိုးစားနေပါတယ်” .