မိတ်ဆွေကို ပြဆိုသောအပိုင်း


ရန်သူကိုမကျွမ်းမ၀င်ရာ မိတ်ဆွေကိုလည်း အလွန်အမင်းအကျွမ်းမ၀င်ရာ
တစ်ခါတစ်ရံမိတ်ဆွေသည်ပင် အမျက်ထွက်လတ်သော်
အပြစ်အားလုံးကိုထုတ်ဖော်ပြတတ်သည်။
တစ်ကြိမ်အမျက်ထွက်ဖူးသောမိတ်ဆွေကို တစ်ဖန်ပြန်လည်စေ့စပ်လိုသောသူသည်
ကိုယ်ဝန်ကိုယူသောအသာထိုရ်မြင်းမကဲ့သို့ သေမင်းကိုယူသည်မည်၏



မိတ်ဆွေကို ပြဆိုသောအပိုင်း
မျက်နှာက ပဒုမ္မာကြာကဲ့သို့အေးမြ၏
ပြောဆိုသောစကားက စန္ဒကူးနံ့သာကဲ့သို့အေးမြ၏
စိတ်နှလုံးမှာမူ လျင်စွာသေစေတတ်သော အဆိပ်နှင့်တူ၏
ထိုကဲ့သို့သဘောထားရှိသူမျိုးကို မပေါင်းသင်းရာ



မိတ်ဆွေကိုပြသောအပိုင်း
ဦးချိုရှိသောသတ္တ၀ါကို အတောင်ငါးဆယ်ဝေးသောအရပ်မှ ရှောင်ရှားရာ၏
မြင်းကိုအတောင်တစ်ရာဝေးသောအရပ်မှ ရှောင်ကြဉ်ရာ၏
ဆင်ကိုအတောင်တစ်ထောင်ဝေးသော အရပ်မှရှေင်ကြဉ်ရာ၏
မကောင်းသောသူကို အရပ်ဒေသစွန့်ခွါသဖြင့် ရှောင်ကြဉ်ရာ၏

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ