သို့....ဧရာဝတီ

နှစ်ပါးမိဘ
မေခနဲ့မလိခအစပြုလို့
မင်းဘ၀ကိုထုဆစ်ခဲ့တယ်....
စိမ်းညို့ညို့တောင်တန်း
မှုန်းမှိုင်းမှိုင်း တောအုပ်တွေကြား
အားအင်တွေမွေးလို့ မင်းဘ၀ကို
ဖြတ်သန်းခဲ့တယ်....
ုမြင့်မားတဲ့ တောင်ကုန်းတွေကနေ
နက်ရှိုင်းတဲ့ချောက်ကမ်းပါးတွေဆီ
အလီလီကျခဲ့ပေမယ့် မင်းပြန်ထနိုင်ခဲ့တယ်....
အကွေ့အကောက်တွေနဲ့
စိန်ခေါ်မှုတွေကြားမှာ
ဒဏ်ရာဒဏ်ချက်တွေနဲ့ မင်းဖြတ်ကျော်နိုင်ခဲ့တယ်...
မာန်မာနကို အဖော်ပြုလျက်
မိုးစက်တွေနဲ့ ထွေးပွေ့ရင်း
လောကဓံကိုလည်း မင်းပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်...
အနိမ့်အမြင့် အတက်အကျ
အကြမ်းအနု အဖုအထစ်တွေကြားက
အကြိမ်ကြိမ်ရုန်းထရင်းနဲ့
မင်းခရီးတွေဆက်နိုင်ခဲ့တယ်.....
ဟော.......
ရှေ့နားမှာ..
ကြည်လင်နေတဲ့ အရုဏ်ဦးကောင်းကင်
ပင်လယ်ပြင် လှိုင်းဖွေးဖွေးကလေးတွေ
မင်းကြိုလင့်နေကြပေါ့....
အားတင်းထား...ဧရာဝတီ.....
Comments
Post a Comment