စိန်ပန်း



ဘုရားမတင် မပန်ဆင်လည်း
သူ့တွင်တာဝန်၊ ကျေပွန်စွာဖြင့်
ူသာယာလှအောင်၊ သူ့စွမ်းဆောင်၏
တော်ဝင်ပန်းနှယ်၊ မတင့်တယ်လည်း
မြေ၀ယ်ကြွေခ၊ သူ့အလှဖြင့်
သန္တာအဆင်း၊ ကော်ဇောခင်း၏
ပူရှိန်ပြင်းဒဏ်၊ ခံရပါလည်း
အံကိုခဲ၊ မလျှော့လုံလ
ကြွေးကြော်ပြသည်
ဖြတ်ကြနင်းစမ်း ရဲသည့်ပန်း
မြတ်သည့်အကျင့်၊ ရဲ့ရင့်စိတ်ဓါတ်
မလျှော့စွမ်းအား၊ လေးစားဖွယ်ရာ
မြတ်နိုးပါသည်
ရဲရဲပွင့်လန်းအို-စိန်ပန်း..........

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ