အမြင်မှန်


ကျောင်းသားနှစ်ယောက် လေယာဉ်ပျံဖြတ်သွားတာကိုကြည့်ရင်း စကားပြောနေကြတယ်
ပထမကျောင်းသားက “ ဒီလောက်လေးတဲ့သံတုံး၊ သံခဲတွေကို မိုးပေါ်ပျံအောင်တီထွင်နိုင်တဲ့ သူတွေကိုငါတော့ချီးကျူးတယ်။ အံ့လည်းအံ့သြတယ်ကွာ...”
ဒုတိယကျောင်းသားက “ ဘာအံ့သြစရာရှိလဲကွာ စက်ရုံတည်ပြီးလူအများကြီးနဲ့တည်ဆောက်ခဲ့တာပဲ။ ငါအံ့သြတာက လေယာဉ်မှူးတွေပဲ။ သူတို့မှာ ဘာမှမပါဘဲလေယာဉ်တစ်စီးလုံးကို မိုးပေါ်ဆွဲတင်သွားတာ....”

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ