ရေသွားဆေးလိုက်ပါ့မယ်
ရုံးတစ်ရုံးတွင်ဖြစ်သည်။ ကဗျာယောင်ယောင် စာယောင်ယောင် ၀ါသနာထုံလေသော ရုံးစားရေးကြီးတစ်ဦးရှိလေသည်။ တစ်နေ့တွင် သူရုံးမှ တာဝန်ထမ်းဆောင်နေသော ရုံးအကူနှစ်ယောက်ကို ထိုသို့မေးလေသည်-
ရုံးအုပ်။ နိုင်ဦးတပည့် ငါရေးထားတဲ့ကဗျာကိုဖတ်ပြီးမင်းရဲ့ အမြင်နဲ့ခံစားရမှုကိုပြောပါအုံး
နိုင်ဦး။ ကျွန်တော်ဖတ်ကြည့်တာ ဘာမှနားမလည်ဘူး ဆရာရ
ရုံးစာရေး။ မင်းကအနုပညာနဲ့ အတော်အလှမ်းဝေးတာပဲ။ သွား..ရုံးအိမ်သာကို ရေသွားဆေး။ ထွန်းနိုင်မင်းဖတ်ပြီးရင် မင်းအမြင်ကိုပြောပြစမ်းကွာ
ထွန်းနိုင်။ ရုံးအိမ်သာကိုပဲရေသွားဆေးလိုက်ပါတော့မယ်ဆရာရေ
ရုံးစာရေး။ ဟေ.........
Comments
Post a Comment