သား၏အဖြေ


နားရောဂါကုသဆောင်တွင် တာဝန်ထမ်းဆောင်နေသူ ဖခင်ဖြစ်သူက သားငယ်၏ရည်မှန်းချက်ကို သိလိုသဖြင့်....
ဖခင် “ သားကြီးလာရင် ဘာလုပ်မလဲ ”
သား “ ဆရာဝန်ကြီးလုပ်မှာပေါ့ ”
ဖခင် “ ဒါမှငါ့သားကွ၊ ဖအေတူသား ”
သား “ ဒါပေမယ့် ဖေဖေ့လိုတော့နားရောဂါကုဆရာဝန်မလုပ်ဘူး။ သွားရောဂါကုဆရာဝန်ပဲလုပ်မယ် ”
ဖခင် “ ဟေ ဘာဖြစ်လို့လဲ ”
သား “ သွားက သုံးဆယ်နှစ်ချောင်းတောင် နားကနှစ်ဖက်တည်း ”

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ