လမ်းဘေးက သစ်ပင်အို
-ငါဟာလမ်းဘေးက သစ်ပင်အိုလေ
မင်းတို့က ခရီးသွား
တစ်ခါတုန်းက...
မင်းတို့ငါ့အရိပ်မှာ လာခိုနားတော့
ငါကြည့်နူးလိုက်တာ....
-ပူတစ်လှည့်
နွေးတစ်လှည့်
အေးတစ်လှည့်..နေ့ရက်တွေကိုဖြတ်သန်းရင်း
အချိန်တန်တော့...
မင်းတို့လမ်း..
မင်းတို့ဆက်လျှောက်သွားကြတယ်...
ဟုတ်ပါတယ်လေ...
ငါဟာ..လမ်းဘေးကသစ်ပင်အိုပါ...။
- ကံကောင်းပါစေ...ခရီးသွား
တစ်ခါတစ်လေလည်း..တို့ကိုသတိရနော်..
ငါလေ...
လမ်းဘေးကသစ်ခြောက်ပင်ကြီးဖြစ်သည့်တိုင်...
မင်းတို့အတွက်..
မေတ္တာပို့ရင်းရှင်သန်နေပါ့မယ်...။
-ကံကောင်းပါစေ...ခရီးသွား...
ကံကောင်းပါစေ...ခရီးသွား...။
Comments
Post a Comment