တန်ဖိုး



မျက်ရည်များနဲ့
နတ်သုဓာတစ်ပွဲဟာ
ရိုးသာပြီး အပြစ်မဲ့တဲ့
ထမင်းကြမ်း တစ်ခဲနဲ့
တန်ဖိုးချင်း တူနိုင်ပါ့မလား။
မိုးခါးရေ ငါမသောက်ခဲ့
သိပ်အောက်တဲ့လူ
အဲဒီလူဟာ
ဒီ ၂၁ ရာစုမှာ
အသက်ရှည်ပါ့မလား။
ဒီလူရဲနှလုံးသား
ဒိုင်နိုဆောသတ္တ၀ါလို
သမိုင်းပြတိုက်မှာ ထားပြီး
အံ့ဖွယ်လူသားလို့။
တောင့်တမှုနဲ့ ကိုယ်ကျင့်တရား
လွန်ဆွဲတဲ့အခါ အမှန်တရားအတွက်
ရာဇ၀င်မှာ စာအသွားခက်မှာမို့
အချစ်ရေ
နောင်ဘ၀ကျမှပဲ ဆုံစည်းကြပါစို့။

Comments

Popular posts from this blog

စောလုံ၊ စောင့်ပါခလှည့်

ဝန်ဇင်းမင်းရာဇာ၏မှတ်ညဏ်

သုတရတနာဆုံးမစာ